HGC ပြားလေးဖြင့် ယောကျ်ားလေးဆီးအားစစ်၍ ကိုယ်ဝန်လက္ခဏာ ပြလျှင် ဆေးစစ်မှု ချက်ချင်းခံယူပါ
အမေရိကန် လူမှုကွန်ရက် Reddit တွင် ယောကျ်ာလေး တစ်ဦးက မျက်နှာပြောင် ပြီး ဆွေးနွေးမှုပြုသည့် Postတစ်ခု တင်လိုက်ပါတယ်။
ရေးထားသည့် အကြောင်းအရာ က သူနှင့် အတူတူနေသည့် သူ့ချစ်သူသည် မနက် စောစော ထလျင် ကိုယ်ဝန် ရှိမရှိ ဆီးစစ် သည့် HGC ပြားလေး ဖြင့် ဆီးစစ်လေ့ ရှိပါသည်။
တစ်နေ့ သူ၏ ချစ်သူကို စ ချင် နောက်ချင်လို့ သူ့ ဆီးကို သူပြန်စစ် လိုက်ရာ အမျိုး သမီးတွင် ကိုယ်ဝန် ရှိလျင်ပေါ် သည့် ခရမ်းရောင် လိုင်း၂ လိုင်းပေါ်လာတာကြောင့် သူသည် ကိုယ်ဝန် ရှိ နေပြီဟု ဓာတ်ပုံလေး ရိုက်ပြီး Post တင်လိုက်ပါသည်။
မသိတဲ့ လူများက ရီစရာ post ကြောင့် Funny ဖြစ်စေခဲ့ သော်လည်း သိတဲ့ Comment တစ်ခုက….
“သင် သည် ယောကျ်ား ဖြစ်လျက်နှင့် ဆီးစစ် လျင် ဤ ခရမ်းရောင် နှစ်လိုင်း အမှန်တကယ် ပေါ်လာတယ်ဆိုလျင် ဆရာဝန်ထံ အမြန်သွား ပြီး ဆေးစစ်ချက်ကို ခံယူပါ။ အဘယ့်ကြောင့် ဆိုသော် သင်၏ ဝှေ့စေ့ တွင် ကင်ဆာဖြစ် နေပြီ” ဟူ၍ဖြစ်သည်။
ထို အမျိုးသားသည် ဆေးခန်းသို့ သွားပြီး ဆရာဝန်နှင့်တွေ့ ဆုံ ဆွေးနွေး ကာ ဆေးစစ်ချက် ခံယူရာ၌ သူ၏ ဝှေ့စေ့သည် ကင်ဆာ Level 1 အဆင့်တွင်သာ ရှိသောကြောင့် သူသည် အလွန်ကံကောင်း ခဲ့ပြီး အသက်အန္တရာယ် မှ လွတ်မြောက် ခဲ့ပါသည်။
အမျိုးသမီးများ ကိုယ်ဝန်ရှိလျင် glycoprotein ဟော်မုန်း ထွက်ရှိလာပြီး ၄င်းဟော်မုန်း ကို တစ်ခါတစ်လေ ( HCG) Human chorionic gonadotropin ဟု ခေါ်သည်။
အလားတူစွာ ယောကျ်ားလေးများ ဝှေ့စေ့ကင်ဆာ ဖြစ်လျင်လည်း HCG ဟော်မုန်းများ သွေးထဲတွင် တွေ့ရလေ့ရှိသည်။
Post လေးကို ရှယ်ရင်း ယောကျ်ားလေးများ အသက်ကို ကယ်တင်ပါ။