ရာသီခွင်အလိုက်မွေးဖွားသူတို့ရဲ့အားသာချက်တွေရှိသလို အားနည်းချက်များလည်းရှိပါတယ်။ပရိပ်သတ်တို့အနေနဲ့ ဖတ်ရှုကြည့်လိုက်ပါဦးနော်…
၁။ မေထုန်ရာသီဖွား အပေါ်ယံသမားများ
မင်းတို့ကတော့ ဗဟုသုတရှာမှီးတယ်၊ စာတွေဖတ်တယ်၊ ခရီးတွေထွက်တယ်။ ဒါကြောင့် ကိုယ်ကို ဗဟုသုတအရမ်းများတယ်လို့ ဂုဏ်ယူတတ်ကြတယ်။
ဒါပေမယ့်လည်း လူဆိုတာ အကုန်လုံးကို အလုံးစုံ မသိနိုင်ဘူး။ ကိုယ်သိသမျှတိုင်းကို လူတိုင်းကိုလိုက်ပြောတဲ့အခါမှာလည်း လူတွေက ဗဟုသုတပြည့်စုံတယ်လို့ မမြင်တော့ဘဲ၊ လူအထင်ကြီးအောင် လျှောက်ပြောနေတဲ့ အပြောသမားတွေ အပေါ်ယံသမားတွေလို့ မြင်လာကြလိမ့်မယ်။
ဒါကြောင့် နောက်တစ်ခါမှာ လူတွေကြားထဲရောက်ရင် ကိုယ့်ကိုကိုယ် “expert knowledge” ပုံစံမျိုးမဖြစ်အောင် စကားနည်းနည်းပြောပြီး များများနားထောင်တတ်တဲ့ အကျင့်ကို လုပ်ပါ။
၂။ ကရကဋ်ရာသီဖွား ငြီးငြူကြသူများ
မိဘ၊ ဆွေမျိုး မောင်နှမတွေကို အရမ်းဂရုစိုက်တယ်။ သူတို့နဲ့ပတ်သက်လာရင် ခံစားလွယ်တယ်။
ဒါပေမယ့် လိုတာထက်ပိုတဲ့အခါ စိတ်ခံစားလွယ်သူတွေဖြစ်တယ်။ ဘယ်သူကမှ ငြီးငြူတတ်သူကို မကြိုက်ဘူး။ ကိုယ့်စိတ်ကို ထိန်းနိုင်ရမယ်။ အထူးသဖြင့် ကိုယ်ချစ်ခင်သူတွေနဲ့ ပတ်သက်လာတဲ့အခါ သိပ်မခံစားပါနဲ့။
အရာရာကို အကုန်လိုက်ပြီးခံစားတဲ့အခါ၊ ငြီးငြူစူပြီး မကျေနပ်တွေဖြစ်လာတဲ့အခါ လူတွေက သင့်ကို ဘာမဆို complain ပဲလုပ်နေတာပဲလို့ မြင်လာလိမ့်မယ်။
၃။ သိဟ်ရာသီဖွား ဆရာကြီးများ
မင်းကတော့ မင်းကိုမင်း သိပ်ချစ်တဲ့သူပဲ။ မင်းရဲ့ကောင်းတဲ့အရည်အချင်းတွေကိုလည်း သိပ်ဂုဏ်ယူတတ်သူ။
သူများတွေက မင်းရဲ့ဂုဏ်သတ္တိတွေကို မကြိုက်ရင်လည်း မင်းက အေးဆေးပါပဲ။ ဒါပေမယ့် မင်းကတော့ မင်းကိုမင်း မွေးကတည်းက ခေါင်းဆောင်မှုအရည်အချင်းတွေနဲ့ မွေးဖွားလာတာလို့ မြင်ပေမယ့် အချို့လူတွေကတော့ မင်းကို ဆရာကြီးလုပ်နေတယ်လို့ ထင်ကြတယ်။
နောက်တစ်ခါတော့ လူတွေကို လက်ညှိုးထိုးပြီး ဘာလုပ်ဘာလုပ်ပါလို့ လူတွေကို မခိုင်းပါနဲ့။ ခေါင်းဆောင်တစ်ယောက်လိုကျင့်ကြံပါ.. ဒါပေမယ့် ခြေတစ်လှမ်းဆုတ်ပြီး စောင့်ကြည့်တတ်အောင် ကြိုးစားပါ။
၄။ ကန်ရာသီဖွား ငါပဲအမှန်များ
မင်းကတော့ အရာရာကိူစည်းစနစ်တကျ စီမံဆောင်ရွက်တတ်တယ်။
ကိုယ့်ဘဝအတွက်လည်း စီမံကိန်းချရုံမက သူများဘဝတွေကိုပါ လိုက်ပြီး စီမံဆောင်ရွက်နေတော့ ကြာလာတော့ control freak ဖြစ်လာတယ်။ ဘယ်သူကမှ ကိုယ့်ကို ကွန်ထရိုးလုပ်တာကို မကြိုက်ဘူး။
အသေးအမွှားတွေကအစ လူတွေကို လိုက် ကွန်ထရိုးလုပ်နေခြင်းကို လျော့ပြီး အေးဆေးနေတတ်အောင်နေပါ။
၅။ တူရာသီဖွား အရာရာအလျော့ပေးသူများ
မင်းကတော့ အရာရာကို balance ဖြစ်အောင်နေတယ်။ ဘယ်အရာမဆို မပူလွန်း မအေးလွန်း၊ မမြင့်လွန်း မနိမ့်လွန်း။
အလုပ်တွေအများကြီးလည်း မလုပ်ချင်သလို ဘာအလုပ်မှမလုပ်ဘဲလည်း ထိုင်မနေချင်ဘူး။ ဘယ်အရာကိုမဆို balance ဖြစ်အောင်နေတယ်ဆိုပေမယ့် တကယ်တမ်းက မင်းဟာ ဆုံးဖြတ်ချက် မခိုင်မာသူတစ်ယောက်။
ဒါကြောင့် လူတွေက မင်းကို အသုံးချလာလိမ့်မယ်။ မိမိလိုအင်ဆန္ဒထက် လူများရဲ့အလိုကိုသာပဲ လိုက်နေရတဲ့ ဘဝရောက်သွားတတ်တယ်။
၆။ ဗြိစ္ဆာရာသီဖွား လှည့်ဖျားသူများ
မင်းကတော့ ခံစားချက်ကို ရှေ့တန်းတင်တတ်တယ်။ ကိုယ့်စိတ်ခံစားချက်ရှိတဲ့အတိုင်း ဘဝမှာ နေချင်သလို နေတတ်တဲ့ သဘောရှိတယ်။ အခြားသူတွေခံစားတာထက်လည်း အရာရာကို လေးလေးနက်နက်ခံစားတတ်တယ်။
လူမှုဆက်ဆံရေးတိုင်းကို အကောင်းဆုံးဖြစ်အောင် အဘက်ဘက်က အစွန်းကုန်ကြိုးစားတတ်တယ်။ ဒါပေမယ့် အဲဒီအရာဟာ အဆိုးကို ဖြစ်စေတတ်တာပဲ။
ဘာဖြစ်လို့လည်းဆိုတော့ စိတ်ခံစားချက်ကိုလိုက်ပြီး တစ်ခုခုကိုလိုချင်ပြီဆိုရင် ရအောင်ယူတတ်တော့ ကျန်တဲ့ အချက်အလက်တွေကို မစဉ်းစားတော့ဘူး။ အဲဒီအတွက် မင်းကို လူတွေက လှည့်ဖျားသူတစ်ယောက်လို့ မြင်ကြတော့တာ။
၇။ ဓနုရာသီဖွား ဟန်ဆောင်သူများ
မင်းတို့ကို အနှောင်အဖွဲ့ကင်း၊ လွတ်လပ်သူလို့ လူတွေကထင်ရင် သဘောကျတတ်ကြတယ်။ ဒါပေမယ့်လည်း အတွင်းစိတ်မှာတော့ စိတ်တွေက မငြိမ်ဘူး။
စိတ်ကလည်း အရမ်းပူတတ်သေးတယ်။ လူတွေက မင်းကို တည်ငြိမ်သူ လို့ မမြင်မှာလည်း စိုးရိမ်လိုက်သေးတယ်။ အဲသလို လူတွေဘာထင်မလဲလို့ စိုးရိမ်တတ်တဲ့ စိတ်တွေကို ဖျောက်၊ လူတွေဘယ်လိုထင်မလဲ စိုးရိမ်တာတွေကိုဖယ်ပြီး အရှိအတိုင်းနေတတ်အောင် ကျင့်ပါ။
၈။ မကာရရာသီဖွား အခွင့်ရေးသမားများ
မင်းတို့ကတော့ ငယ်စဉ်ကတည်းက ရည်မှန်းချက်အရမ်းကြီးတယ်။ အိမ်မက်အကြီးကြီးတွေမက်ပြီး အိမ်မက်တွေကို အကောင်ထည်ဖော်တတ်ကြတယ်။
ငယ်စဉ်ကတည်းက စာကြည့်တိုက်ထဲမှာ စာအုပ်နဲ့မျက်နှာ မခွာ၊ မိုးလင်းအောင်လည်း စာတွေဖတ်တတ်တယ်။ အတန်းထဲမှာလည်း အမှတ်အမြင့်ဆုံးရသူတွေထဲ ပါတယ်။ လုပ်ငန်းခွင်ထဲရောက်ရင်လည်း ရာထူးတွေ ထိုးပြီးတက်လောက်အောင် အလုပ်ကြိုးစားတယ်။
ဒါပေမယ့်လည်း မင်းတို့ရဲ့ အားနည်းချက်က လူတွေကို နင်းပြီးမှ တက်တတ်တဲ့ သဘောရှိတယ်။ မင်းတို့ဟာ မိတ်ဆွေအပေါင်းအသင်းလုပ်ရင်လည်း အကျိုးအမြတ်အတွက် မိတ်ဆွေဖွဲ့တာသာဖြစ်တယ်။ ဒါတွေဟာတစ်နေ့မှာ မကောင်းတဲ့ energy တွေအနေနဲ့ ကိုယ့်ဆီပြန်လာတတ်လို့ သတိတော့ထားစေချင်တယ်။
၉။ ကုမ်ရာသီဖွား တစ်ကိုယ်တည်းဟုတ်နေသူများ
မင်းတို့ကတော့ ပစ္စုပ္ပန်ကလူတွေမဟုတ် အနာဂတ်ကလူတွေ။ အဲဒါကြောင့်လည်း မင်းတို့ကိုယ်မင်းတို့ သူများနဲ့မတူ တမူထူးခြားတယ်လို့ မြင်တယ်။
သူငယ်ချင်းအပေါင်းအသင်းလည်း များများမထားဘူး။ လူတွေက မင်းတို့ကို နားမလည်ဘူးဆိုတာလည်း သိတယ်။
ဒါပေမယ့်လည်း ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းတို့သိရမှာက မင်းတို့မှာ အပေါင်းသင်းနည်းနည်းပဲ ရှိတယ်ဆိုတာ မင်းတို့အရမ်း တမူထူးခြားလွန်းနေလို့ မဟုတ်ဘူး၊ လူတွေက မင်းတို့ကို နားမလည်လို့လည်း မဟုတ်ဘူး။
မင်းတို့ကကို ဘယ်သူ့ကိုမှ သူငယ်ချင်းမလုပ်တာ။ တစ်ခါတလေ ကိုယ်ကစပြီး သူငယ်ချင်းထားကြည့်ပါလား။ ဘဝမှာ ထူးခြားမှုတွေ တွေ့လာနိုင်တာပေါ့။
၁၀။ မိန်ရာသီဖွား စိတ်ခံစားချက်များသူများ
မင်းတို့ကတော့ အားလုံးထဲမှာ စိတ်ခံစားမှု အလွန်ကဲဆုံးတွေပဲ။
တစ်ချိန်လုံး နိမ့်လိုက်မြင့်လိုက်၊ ပျော်ရင်လည်း အရမ်းပျော်၊ စိတ်ညစ်ရင်လည်း တွင်းထဲကကို မထွက်နိုင်တော့ဘူး။ ကိုယ့်စိတ်ကို အဲသလိုလွှတ်ထားတာ မကောင်းတဲ့အပြင် အန္တရာယ်တောင် ရှိတယ်။ ဘာမဆို ခံစားချက်နဲ့ မကြည့်သင့်ဘူး။
ကိုယ့်စိတ်ကို မထိန်းနိုင်ရင် လောကကြီးတစ်ခုလုံးကို ကြည်ကြည်လင်လင် ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး။
၁၁။ မိဿရာသီဖွား ငါ-ငါ-ငါ များ
မင်းတို့ကတော့ စွန့်စားတတ်ကြတယ်၊ ခေါင်းမာတယ်။ အဲဒါကိုလည်း ဂုဏ်ယူတတ်ကြတယ်။
ကိုယ့်ဘဝကိုယ့်လမ်းကို ဘယ်သူဘာပြောပြော ကိုယ့်ဘာသာ လျှောက်ရတာကိုလည်း ဂုဏ်ယူတယ်။ ဒါပေမယ့် အဲဒီအရာဟာ တကိုယ်ကောင်းဆန်ခြင်းနဲ့ ဆက်နွယ်နေတတ်တယ်။
အခြားသူတွေဘယ်လိုခံစားရမလဲ နည်းနည်းကိုယ်ချင်းစာတတ်တဲ့ စိတ်လေးထားတာနဲ့ မင်းတို့ရဲ့ ဘဝရည်မှန်းချက်တွေ ပျောက်ပျက်မသွားလောက်ပါဘူး။
သူများတွေပေးတဲ့ အကြံဉာဏ်တွေက မင်းတို့ရည်မှန်းချက်တွေကို လုံးဝယိုင်နဲ့သွားမှာပဲဆိုတဲ့ စိတ်ကိုဖျောက်ကြည့်ရင် အကျိုးအမြတ်တွေ အများကြီးရလာနိုင်တယ်။
၁၂။ ပြိဿရာသီဖွား ကပ်စေးနဲသူများ
မင်းတို့ကတော့ အချိန်တိကျတယ်၊ တိတိကျကျ လုပ်ကိုင်တတ်တယ်။ ငွေစာရင်းဆိုလည်း တိတိကျကျ ကိုင်တွယ်တတ်တယ်။
တစ်ပြားတစ်ချပ်မှ အလဟသ မကုန်ရဘူး။ ဒါပေမယ့် အဲဒါဟာလည်း ကပ်စေးနဲခြင်းနဲ့ သွားပြီး ယှက်နွှယ်နေတတ်တယ်။ ကပ်စေးနဲခြင်းမှတဆင့် လောဘကြီးခြင်းပါ ဖြစ်တတ်ကြတယ်။ ကိုယ့်ပိုက်ဆံ တစ်ပြား ပါသွားမှာကို အရမ်းနှမြောတယ်။
စားသောက်ဆိုင်တွေမှာဆိုရင်လည်း ဝန်ဆောင်မှုတောင် မပေးချင်တတ်ကြဘူး။ ကပ်စေးနည်းခြင်း၊ လောဘကြီးခြင်း စတဲ့ အကျင့်တွေဖျောက်ပြီး စည်းနဲ့ဘောင်နဲ့ ရက်ရောတတ်လာအောင် လုပ်နိုင်ရင်ပိုကောင်းမယ်။