သင်က အရင်ကတည်းက ဝိတ်မြန်မြန်တက်လေ့ရှိသူမဟုတ်ဘူး။အမြဲတမ်းဝိတ်ကပုံမှန်ပဲရှိခဲ့သူဖြစ်တယ်။ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာပဲဝိတ်က မြန်မြန်ဆန်ဆန်ကြီးတက်လာတယ်ဆိုရင် ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။
*ညဘက်တွေနောက်ကျမှအိပ်ခြင်း
တကယ်လို့ သင်က အခုရက်ပိုင်းအတွင်းနောက်ကျမှလည်းအိပ်ဖြစ်တယ်။အချိန်မှန်မအိပ်ဖြစ်ဘူးဆိုရင် ဒါက မြန်မြန်ဆန်ဆန်ဝိတ်တက်လာရတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ညဘက်နောက်ကျမှအိပ်စက်ပြီး အိပ်ချိန်နည်းပါးတာဟာ အစားစားချင်စိတ်ကို ပိုပြီးမြင့်တက်စေပါတယ်။ဒါကြောင့် သရေစာလို ဝိတ်တက်စေတဲ့အစားအစာတွေကို ဦးနှောက်က ပိုပြီးတောင့်တလာတတ်ပါတယ်။ဒါကိုသတိမထားမိပဲ သရေစာတွေစားမိမယ်ဆိုရင်တော့ သင့်ကိုဝိတ်တက်လာစေမှာအမှန်ပါပဲ။
*စိတ်ဖိစီးမှုများနေခြင်း
စိတ်ဖိစီးမှုတွေ၊စိတ်ပူပန်မှုတွေများလာတဲ့အခါမှာလည်း အချိုတွေ၊သရေစာတွေကိုပိုပြီးစားမိလာတတ်ပါတယ်။အစားစားချင်စိတ်ကလည်းအမြဲတမ်းမြင့်နေတဲ့အတွက် ကိုယ့်ကိုယ့်ကိုယ်တောင်သတိမထားမိပဲ ဝိတ်တက်စေတဲ့အစားအစာတွေကိုစားဖြစ်သွားစေပါတယ်။
*သွိုင်းရွိုက်နှေးကွေးလာခြင်း
တစ်ခြားအကြောင်းအရာဘာကြောင့်မှမရှိပဲ ကိုယ်အလေးချိန်တက်လာတယ်ဆိုရင်တော့ ဒါက သင့်ရဲ့သွိုင်းရွိုက်နှေးကွေးလာတာကြောင့်ဖြစ်နိုင်ပါတယ်။သွိုင်းရွိုက်လှုပ်ရှားမှုနှေးကွေးတာ၊ဒါမှမဟုတ်တစ်ခြားတစ်ခုခုလည်းဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
*ရေသောက်နည်းခြင်း
ရေသောက်နည်းတဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲကလုပ်ဆောင်မှုတွေကို နှေးကွေးတာကြောင့် ဝိတ်တက်လာနိုင်ပါတယ်။အစားတစ်ခုခုမစားခင်ရေဖန်ခွက်နှစ်ခွက်စာလောက်သောက်ပေးမယ်ဆိုရင် ထူးခြားတဲ့ပြောင်းလဲမှုတွေကိုသင်မြင်ရပါလိမ့်မယ်။
*ပရိုတိန်းဓာတ်နည်းပါးခြင်းအစားအသောက်လည်းပုံမှန်ပဲစားနေပါရက် လေ့ကျင့်ခန်းလည်းလုပ်နေပါရက် ဝလာတယ်ဆိုရင် သင်ဘာတွေစားနေလဲ ပြန်ကြည့်ရပါမယ်။သင်စားနေတဲ့အစားအစာတွေက တကယ်ပဲကျန်းမာရေးနဲ့ညီညွတ်ရဲ့လား။ပရိုတိန်းဓာတ်ကြွယ်ဝရဲ့လားဆိုတာ ကြည့်သင့်ပါတယ်။ပရိုတိန်းဓာတ်
ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့ခန္ဓာကိုယ်ကြွက်သားတွေကိုသန်မာစေပြီး ဆဲလ်တွေကိုကျန်းမာစေမှာပါ။ကြွက်သားတွေအားနည်းပြီးဇီဝဖြစ်စဉ်လှုပ်ရှားမှုအားနည်းလာတဲ့အခါမှာ ဝိတ်တက်လာနိုင်ပါတယ်။