ရေခဲသေတ္တာတွင်း မသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ
(၁) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှည့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိတဲ့အခါ ခရမ်းချဉ်သီးက အရည်တွေ ထွက်လာပြီး မနှစ်မြို့စရာ ဖြစ်သွားပါတယ်။
ခရမ်းချဉ်သီးက တအားမှည့်ပြီး များနေရင်တော့ ဆော့စ်လုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။
ခရမ်းချဉ်သီးအစိမ်းကို ထည့်သိမ်းမိရင်တော့ ခရမ်းချဉ်သီးကမရင့်မှည့်တော့ဘဲ အနီရောင် အဖြစ် ပြောင်းလဲသွားခြင်း မရှိတော့ပါ။
ခရမ်းချဉ်သီးကို ရင့်မှည့်စေချင်ရင် အခန်းတွင်း အပူချိန်မှာဘဲ သိမ်းဆည်းထားသင့်ပါတယ်။ ခရမ်းချဉ်သီးကို သိုလှောင်သိမ်းဆည်းချင်ရင် နေရောင်ခြည် အနည်းငယ်ရတဲ့နေရာမှာ သိုလှောင်သိမ်းဆည်းဖို့အကောင်းဆုံးပါ။
(၂) ဖရုံသီး
ဖရုံသီးက အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိုလှောင် သိမ်းဆည်းသင့်တယ်ဆိုပေမဲ့ စိုစွတ်တဲ့နေရာ ဖြစ်လို့မရပါဘူး ဥပမာ(ရေခဲသေတ္တာ)ပေါ့။ အထူးသဖြင့် ဖရုံသီးကို သိမ်းဆည်းမယ်ဆို ပူပြီး စိုစွတ်တဲ့နေရာကို ရှောင်ရှားသင့်ပါတယ်။
ဖရုံသီးပုပ်ခြင်းကို ကြိုတင်ကာကွယ်ရန် ဖရုံသီးသိမ်းဆည်းတဲ့အခါ သမံသလင်း၊ ကွန်ကရစ် မျက်နှာပြင်များပေါ်တွင် တိုက်ရိုက်ထားခြင်းထက် ကတ္ထူပြားပေါ်မှာ ထားသင့်ပါတယ်။
(၃) အာလူး
အာလူးကို အေးခဲအောင် ထားတဲ့အခါ ကစီဓာတ်ကနေ သကြားဓာတ်ကို ပြောင်းတဲ့အတွက်ကြောင့် အာလူးချိုစေချင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။
အာလူးကိုအေးပြီးခြောက်သွေ့ကာ အလင်းရောင် မရနိုင်တဲ့နေရာမှာ အညှောင့်မထွက်လာစေရန်အတွက် ထားသင့်ပါတယ်။ အာလူးကို ကြက်သွန်နားမှာ ထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေတဲ့အတွက် ဝေးဝေးမှာထားသင့်ပါတယ်။
(၄) ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ကြက်သွန်ကိုရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ ပျော့ဖတ်ပြီးတော့ မှိုစွဲနိုင်တဲ့အတွက် မထည့်သင့်ပါဘူး။ ကြက်သွန်ကို အာလူးနဲ့ ဝေးတဲ့အေးပြီး ခြောက်သွေ့တဲ့ နေရာတွင်သာ သိုလှောင်သင့်ပါတယ်။
(၅) ကန်စွန်းဥ
ကန်စွန်းဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းလျှင် အတွင်းသားမာလာပြီး အရသာ မရှိတော့သည်ကိုဖြစ်စေပါတယ်။ ကန်စွန်းဥကို သိုလှောင် သိမ်းဆည်းမည်ဆိုလျှင် အေးပြီး ခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းမွန်သည့် နေရာတွင် သိမ်းဆည်းသင့်ပါတယ်။
ကန်စွန်းဥသည်လည်း ကြက်သွန်ဥ အနီးအနားမှာ ထားတဲ့အခါ ပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၆) သခွားသီး၊ ခရမ်းခေါင်းသီး၊ ငရုပ်သီး
အပူပိုင်းဒေသမှာ ပေါက်သည့် အသီးတွေက အေးသည့်အခြေအနေကို မနှစ်မြို့ခြင်းသည် သဘာဝပါ။ ထို့ကြောင့် ထိုအသီးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိတဲ့အခါ အချို့နေရာများတွင် ပျော့ကာ အချိုင့်အခွက်များ ဖြစ်ပေါ်လာခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၇) စိမ်းစားဥ
စိမ်းစားဥကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ မဖုံးဘဲနဲ့ ၃ပတ်လောက် ထားနိုင်ပါတယ်။ စိမ်းစားဥကို အလွှာလိုက်လှီးပြီး ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုးကာ ရေခဲသေတ္တာထဲ သိမ်းမည်ဆိုလျှင် ၂ပတ်ခန့် သိမ်းလို့တော့ရပါတယ်။ စိမ်းစားဥက ရေဖြင့်ထိမိလျှင် မှိုစွဲတတ်သည်ကိုတော့သတိထားရပါမယ်။
(၈) ပန်းသီး၊ သစ်တော်သီး
ပန်းသီး၊ သစ်တော်သီးတို့ကို ရေခဲသေတ္တာထဲမှာ ကြာရှည်စွာ သိမ်းဆည်းသည့်အခါ အရသာနဲ့ ပါဝင်ဓာတ်ပစ္စည်းတွေ ဆုံးရှုံးနိုင်ပါတယ်။
(၉) ငှက်ပျောသီး
ငှက်ပျောသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းသည့်အခါ ငှက်ပျောခွံက အမဲရောင်အဖြစ် ပြောင်းသွားပြီး ငှက်ပျောအရသာ မချိုခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
(၁၀) ဖရဲသီး
ဖရဲသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းလျှင်လည်း ဖရဲသီး၏ အနံ့နှင့် လှပသည့် အနီရောင်သည် အရောင်ပြောင်းသွားနိုင်သည့်အတွက် ၃ရက်ထက်ပိုပြီး မသိမ်းပါဘူး။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ သိမ်းဆည်းတဲ့အခါ အခန်းတွင်း အပူချိန်နှင့်နေရောင်ခြည် တိုက်ရိုက်မရနိုင်သည့် နေရာများတွင် သိမ်းဆည်းခြင်းသည် အကောင်းဆုံးပါ။
အစိုဓာတ်ကိုလျှော့ချရန်အတွက် ပလတ်စတစ်အိတ် (သို့)လေဝင်လေထွက် ကောင်းမွန်သည့်ဖလား၊ ခွက်ဖြင့် သိမ်းဆည်းခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ပလတ်စတစ်အိတ်ကို ချည်ပိတ်ပြီးသိမ်းဆည်းခြင်းကိုတော့ မပြုလုပ်သင့်ပါ။
အသီးများ ရင့်မှည့်မှုကို နှေးကွေးစေပြီး လျှင်လျှင်မြန်မြန် ပျက်စီးနိုင်သည့်အတွက်ကြောင့်ပါ။
သစ်သီးဝလံများ အမြန်ရင့်မှည့်စေလိုလျှင် ပန်းသီး၁လုံးအား ၅ခြမ်း ၆ခြမ်းစိတ်ကာ ထိုအသီးနားတွင် ထားခြင်းအားဖြင့် ပန်းသီးမှ ထုတ်လွှတ်လိုက်တဲ့ အီသိုင်းလင်းဓာတ်က သစ်သီ
ဝလံများကို အမြန်မှည့်စေပါတယ်။