ရေ နွေး ကြမ်း စွဲသောက် ခြင်းနှင့် ဆီး လမ်းကြောင်း ကျောက် တည် ခြင်း အန္တရာယ်

Lifestyle
Spread the love

ရေ နွေး ကြမ်း စွဲသောက် ခြင်းနှင့် ဆီး လမ်းကြောင်း ကျောက် တည် ခြင်း အန္တရာယ်

ဆီး လမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ် မှာ ကျောက်ဖြစ်စေမယ့် အရာလေးတွေ အနည်ထိုင်စုစည်းရာက စပါတယ်။

ဆီး ကောင်းကောင်း မသွားနိုင်တဲ့အခါ ဆီးကျောက်တည် လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေ များနေပြီး တခြားဓါတ်တွေ နည်းနေလို့လည်း ဖြစ်နိုင်တယ်။ ဒီကျောက်တွေက သူ့အလိုလိုဖြစ်လာတတ်ပြီး များသောအားဖြင့် အန္တရာယ်မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ထုတ်လေ့ရှိပါတယ်။ ဒါမှမဟုတ် ကျောက်ကပ်ကျောက်လေးတွေက ဆီးအိမ်ဆီကို ကျလာပြီး ကျောက်လေးတွေ ဟာ တဖြည်းဖြည်းကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။ ဆီးက နောက်နေတာ၊ သွေးပါနေတာ ဒါမမဟုတ် ဆီးသွားရင် ဗိုက်အောက်ပိုင်းက အောင့်တာတွေ ဖြစ်နိုင်တယ်။ သောက်ဆေး၊ လေဆာ သို့မဟုတ် ခွဲစိတ်မှု နဲ့ ဆေးကုသမှု ခံယူ သင့်ပါတယ်။

ဆီးကျောက်အမျိုးအစား ၄ မျိုးရှိတဲ့ အထဲ မှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့အပြင် အသည်းကနေလည်း နေ့စဉ် ထုတ်လုပ်ပ ါတယ်။

Tea (ရေနွေးကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာပါဝင်တဲ့ အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သောသူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌တော့ လက်ဖက်ရည် အမျိုးအစားပေါ်မူတည်ပြီး oxalate ပါဝင်မှုနှုန်းလည်း မတူနိုင်ပါဘူး။

ရေနွေးနဲ့စိမ်သောက်တဲ့ လက်ဖက်ခြောက်ထုပ်လေးတွေ နဲ့ မြန်မာလူမျိုးတို့ သောက်သုံးလေ့ ရှိတဲ့ လက်ဖက်ခြောက်အရွက် ခတ်သောက်တာမျိုးမှာ လက်ဖက်ခြောက် ၁ ဂရမ်တိုင်းမှာ ၅မီလီဂရမ် ဝန်းကျင်ခန့် ပါရှိပါတယ်။ Green tea နဲ့ oolong tea တို့မှာတော့ လက်ဖက်ခြောက် ၁ ဂရမ်မှာ ဝ.၂၃ မှ ၁ မီလီဂရမ်ခန့်သာ ပါဝင်ပါတယ်။ ဒါကြောင့် မိမိဟာ ရေနွေးကြမ်းမသောက်ရ မနေနိုင်သူဆိုရင် oxalate ပါဝင်မှုနည်းတဲ့ green teaတို့ herbal tea တို့ကိုသာ ရံဖန်ရံခါ သောက်သုံးပေးနိုင်ပါတယ်။

အခုလို ပူပြင်းလှတဲ့ နွေရာသီများဆိုရင် Iced tea တွေ အသောက်များလှပါတယ်။ ချွေးထွက်များပြီး ရေဓာတ် လိုအပ်နေချိန်မှာ ရေအစား iced tea အများကြီးသောက်လိုက်တာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့အတွက် တွန်းအားပေးနေသလိုဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေဆာရင် ရေ များများသောက်ပါ။ ဒါမှမဟုတ် lemonade သောက်ပါ။ သံပုရာရည် စစ်စစ်မှာ ပါဝင်တဲ့ citrate ဓာတ်ဟာ ဆီးလမ်းကြောင်းမှာ ကျောက်မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထား ဖို့ လိုပါတယ်။ ဆီးကျောက်တည်ခြင်းကို အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်-

၁။ ရေများများသောက်ပါ – ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်နည်းရင် ဆီးထွက် လည်း နည်းသွားနိုင်ပါတယ်။ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး သောက်သုံးသင့်ပါတယ်။

၂။ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများစားပါ – ကယ်လ်ဆီယမ်နည်းတဲ့ အစားအစာတွေ က ဆီးကျောက်တည်ခြေနိုင်ခြေများပြီး အရိုးပွနိုင်ခြေ များပါတယ်။ အဆီနည်းတဲ့နို့၊ အဆီနည်းတဲ့ ဒိန်ခဲနဲ့ အဆီနည်းတဲ့ ဒိန်ချဉ်များဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်အားဆေး ဖြည့်စွက်စာတွေ ကတော့ ကျောက်တည်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

၃။ ဆိုဒီယမ်လျှော့စားပါ – ဆားများများစားရင် ကယ်လ်ဆီယမ်အမျိုးအစား ဆီးကျောက်တည်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးထဲမှာ ဆားဓာတ်ပါဝင်နှုန်းမြင့်လာရင် ဆီးထဲက ကယ်လ်ဆီယမ်များကို သွေးအတွင်း ပြန်လည်စုပ်ယူခြင်းကနေ အတားအဆီး ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ဆီးအတွင်း ကယ်လ်ဆီယမ်ဓာတ် မြင့်တက်ပြီး ဆီးကျောက် တည်လာနိုင်ပါတယ်။

၄။ ဗီတာမင်စီ ဖြည့်စွက်စာများ ရှောင်ကြဉ်ပါ – ဗီတာမင်စီ (အက်စ်ကောဗစ်အက်ဆစ်) ဖြည့်စွက်စာ စားသုံးခြင်းဟာ ဆီးကျောက်တည်စေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ဖြစ်ပါတယ်။ ဗီတာမင်စီ ဖြည့်စွက်စာများများ စားသုံးခြင်းဟာ ဆီးကျောက်က်တည်နိုင်ခြေ နှစ်ဆများကြောင်း သိရပါတယ်။ ဒါပေမယ့် အစားအစာ မှာပဲ သဘာဝအလျောက် ပါတဲ့နှုန်းထားကတော့ ဒီဖြစ်နိုင်ခြေ မရှိပါဘူး။

၅။ သဘာဝဆေးဖက်ဝင်အပင်များမှ ဖော်စပ်သောဆေးဝါးများ သုံးစွဲခြင်း – ဥပမာပြော ရရင် Chanca Piedra ဟာ သဘာဝဆေးဘက်ဝင်အပင်ကနေ ထုတ်လုပ်ထားတဲ့ နာမည်ကြီး ဆေးဝါးတမျိုးဖြစ်ပြီး ကယ်လ်ဆီယမ်အောက်စလိတ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှိပြီးသား ကျောက်တွေကိုလည်း သေးသွားစေပါတယ်။ တခြားဆေးဝါး အမျိုးအစားတွေလည်း ရှိပါတယ်။