အလှအပရေးရာတွေမှာ အရမ်းကို အသုံးဝင်ပြီး မပါမဖြစ်လို့ပြောရလောက်အောင် ကောင်းကျိုးတွေများတဲ့ ရှားစောင်းလက်ပတ်ကို အလှအပရေးရာတစ်ခုတည်းတင်မကပဲ ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာလည်း အသုံးပြုတတ်ကြပါတယ်။
ရှားစောင်းလက်ပတ် ဖျော်ရည်ကို တစ်ပတ်ဆက်တိုက် သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲလာမှုတွေကို တွေ့လာရမှာ ဖြစ်ပါတယ်။ ဘာတွေ ပြောင်းလဲလာလည်းဆိုတာကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်။
DAY – 1
ပထမဆုံးနေ့မှာတော့ ရှားစောင်းလက်ပတ်တွေကို သန့်သွားအောင် ရေဆေးလိုက်ပြီး ရှားစောင်းလက်ပတ် အနှစ်တွေကို ခြစ်လိုက်ပါ။
ခြစ်လို့ရလာတဲ့ အနှစ်တွေကို ရေခဲသေတ္တာထဲမှာ အအေးခံံထားလိုက်ပြီးသွားရင်တော့ ဖျော်စက်ထဲမှာ ရေခဲရေ ထည့်ပြီး ဖျော်ပြီးရင် သောက်သုံးလို့ရပါပြီ။ ဒါက လေတွေဘာတွေ နိုင်ပြီး အူလမ်းကြောင်းအတွက် ကောင်းမွန်ပါတယ်။
DAY – 2
နောက်နေ့မှာတော့ အသားအရေလေးတွေ စိုပြေနေတာကို တွေ့လာရမှာပါ။ ဒုတိယနေ့အတွက်ကတော့ ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲရေအနည်းငယ်နဲ့ ရောနှောပြီး တစ်ကျိုက်တည်း မော့ချလိုက်ပါ။
ဒါက ပါးစပ်ထဲမှာ ချွဲကျိကျိကြီး ခံစားရမှာပေမယ့် လန်းဆန်းသွားတာကို ခံစားရစေမှာပါ။ ညနေဘက်ရောက်ရင်တော့ အရေးပြားပေါ်မှာ ဖြစ်နေတဲ့ နာကျင်ထိခိုက်မှုတွေဟာ ကောင်းမွန်တာကို ခံစားရစေပါတယ်။
DAY – 3
တတိယနေ့မှာ ရှားစောင်းလက်ပတ်ဖျော်ရည်ကို ဆက်သောက်ပေးခြင်းက နေလောင်တာတွေနဲ့ အသားအရေ မညီညာတာတွေကို ပျောက်ကင်းလာစေမှာပါ။
ရှားစောင်းလက်ပတ်က နေလောင်တာတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း ကုသပေးနိုင်ပါတယ်။
DAY – 4
လေးရက်ဆက်တိုက်သောက်မိတဲ့အခါ အသားအရေ ခြောက်သွေ့ခြင်းတွေ မရှိပြီး သိသိသာသာ စိုပြေလာတာကို တွေ့ရမှာပါ။
ရှားစောင်းလက်ပတ်မှာ ရေဓာတ် 98% ပါဝင်နေတဲ့အတွက် သဘာဝ အစိုဓာတ်ကို ရရှိစေပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။
DAY – 5
ငါးရက်နေ့မှာတော့ အသားအရေကြမ်းတမ်းမှုတွေ မရှိပဲ နူးညံစိုပြေလာပြီး ခံံနိုင်ရည် ပိုရှိလာစေမှာပါ။ အသားအရေရဲ့ ဟိုးအတွင်းပိုင်းကနေ အစိုဓာတ်ကို ထိန်းထားပေးတဲ့အတွက် အသားအရေဟာ ပိုမိုနူးညံစိုပြေလာတာ ဖြစ်ပါတယ်။
DAY – 6
ခြောက်ရက်ဆက်တိုက် သောက်တဲ့အခါမှာတော့ ဆိုးဆိုးဝါးဝါး ဝက်ခြံတွေကိုတောင် သက်သာလာစေပါတယ်။
ရှားစောင်းလက်ပတ် ဖျော်ရည်က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ဝက်ခြံအမာရွက်တွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။
DAY – 7
တစ်ပတ်ပြည့်တဲ့ နေ့လေးမှာတော့ အသားအရေဟာ သိသိသာသာ စိုပြေပြီး ဖြူလာတာကို သိရမှာပါ။ သာမာန်ဖြူတာမျိုး မဟုတ်ပဲ အသားအရေလေး ကြည်ကြည်လင်လင်နဲ့ကို ဖြူလာစေတာ ဖြစ်ပါတယ်။
ဒါကတော့ ရှားစောင်းလက်ပတ် ဖျော်ရည်ကို တစ်ပတ်ဆက်တိုက် သောက်လိုက်တဲ့အခါ ရရှိလာမယ့် ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။