ယခင်က မိတ်ဆွေသူငယ်ချင်းများက ကျွန်တော်ကိုတွေ့ပါလျှင်ပြောင်ကြီးတဲ့။အချို့ကပြောင်ပြောင်တဲ့လူကြားသူကြားလည်းမရှောင်တော့။ယခုကျွန်တော်ကို ပြောင်ကြီးလို့မခေါ်ကြတော့ပါ။
ဆေးနည်း
ကြက်သွန်နီနဲ့သံပုရာသီးပဲလိုပါတယ်။ဒီနည်းကို အဘိုးသံပေးခဲ့တယ်လို့ ဆေးနည်းပေးသူကပြောပါတယ်။ကျွန်တော်မယုံကြည်ခဲ့ပါ။ ခုတော့ကျွန်တော်ယုံခဲ့ပါပြီ။
(၁)ကြက်သွန်နီ အခွံနွာပြီး ထုထောင်း၍ သတ္တုရည် ယူပါ။ထိုသတ္တုရည်နှစ်မျိုးကို စတီးဇွန်း(၃)ဇွန်းဆီလောက်အရည်သန့်သန့်ရစေရန် အဝတ်သန့်သန့်ဖြင့် စစ် ပါ။
နေ့စဉ် အိပ်ရာ ဝင်ချိန် ပြောင်နေသောဦးခေါင်းကိုလိမ်းပြီးအိပ်ပါ။စလုပ်စဉ် ကြက်သွန်နံ့ နံသော်လည်းနောက်ပိုင်း အကျင့်ရသွား ပါလိမ့်မယ်။(၁၀)ရက်လောက်မှာပင် ထူးခြားခြင်းကြုံပါလိမ့်မည်။
ပြောင်နေသောဦးခေါင်းအရည်ပြားတွင် ဆံပင် လေးများ ပေါက်လာမည်က ဧကန်အမှန်ပင်ဖြစ် ပါလိမ့်မည်။ကြက်သွန်နီနှင့်သံပုရာက အိမ်တိုင်းဆောင် ထားတတ်သော
အိမ်တွင်းအသုံးအဆောင်ဖြစ်၍ လုပ်ဆောင်လိုသူတို့အတွက် အခက်အခဲရှိ မည်မထင်ပါ။
(၁) ကြက်သွန်ဖြူသည် ဆာလ်ဖာဓာတ်ကြွယ်ဝပါသည်။
(၂)ကြက်သွန်နီသည် ကိုလာဂျင် ပရိုတိန်းထုတ်လုပ်မှုကောင်းစေသဖြင့် မွေးညှင်းပေါက်လေးများကို ပွင့်စေပြီး သွေးလည်ပတ်မှုကောင်းစေကာ ဆံပင်မွေးကို ခိုင်မာစေပါသည်။
(၃)ထိပ်ပြောင်သူများနှင့်နေရာကွက်ပြီးဆံပင်မပေါက် သူများ၊ ဦးရေပြား(ဘောက်)ထသူတို့ကို ကောင်းစွာအကျိုးပြုပါသည်
(၄)ကြက်သွန်နီ သတ္တုရည်ကို မိနစ်(၄၀)ခန့် လိမ်းထားပြီးခေါင်းလျှော်ရည်ပျော့ ပျော့ဖြင့် ဆေးကြောပေးပါက ထိပ်ပြောင်သူများ ဆံပင် ပေါက်နှုန်းမြန်ဆန် လာသည်ကိုတွေ့ရကြောင်း
အီရတ်သုတေသီတို့ အကြံပြုထားပြီး ထိုအဆိုကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဌာန ( FDA ) ကထောက်ခံခဲ့ပါသည်။
ထိုကြောင့် ကြက်သွန်နီနှင့်သံပုရာရည်ကိုရောစပ်လိမ်းလူး ပေးခြင်းဖြင့် ထိပ်ပြောင်သူများ ဆံပင်အမြန်ပြန် ပေါက်စေရေး နည်းလမ်းလေးရေးလိုက်ပါသည်။
Crd