ရှေးယခင်က မိန်းမပျိုများသည် လင်ယူ၊ သားမွေး အိမ်ထောင့်တာ၀န်ကို ထမ်းဆောင်မည်ဆိုသောအခါ အောက်ပါ အချက် (၁၀) ချက်ကို ကြည့်၍ ဖူးစာဖက်ရွေးချယ်ကြသည်ဟု အဆိုရှိသည်။ ၎င်းတို့မှာ –
(၁) အရက် မသောက်၊ ဖဲမရိုက်၊အပျော်အပါး မလိုက်သော ယောက်ျားမျိုး။
(၂) အမြော်အမြင်ကြီး၍ ဆင်ခြင်တုံတရား ရှိသူ။
(၃) မျိုးရိုးဇာတိ မြင့်မား၍ ရုပ်ရည်တည်ကြည်ခန့်ညားသူ။
(၄) ပစ္စည်းဥစ္စာ မကြွယ်ဝသော်လည်း အိမ်ထောင်စု တာ၀န်ကို ကောင်းစွာ ထမ်းဆောင်နိုင်သော ယောက်ျားမျိုး။
(၅) စကားဆိုရာတွင် ချိုသာ၍ ကိုယ်ချင်းစာတရားရှိသူ ယောက်ျားမျိုး။
(၆) ကူးစက်တတ်သော ရောဂါများ ကင်းစင်သူ။
(၇) အသက် မွေး၀မ်းကျောင်း ပညာတစ်ခုခုကို တတ်မြောက်ထားသူ။
(၈) သားမယားနှင့် အခြားသူများအပေါ်တွင် ကြင်နာသနားစိတ် ရှိသူ။
(၉) မိမိထက် အသက် (၅) နှစ်ထက် မကြီး (၃) နှစ်ထက် မငယ်သူ။
(၁၀) မျိုးရိုးတူ၊ လူမျိုးတူ၊ ဘာသာတူဖြစ်ပြီး မေတ္တာစစ်၊ မေတ္တာမှန်ဖြင့် မိမိအပေါ် ချစ်ခင်ကြင်နာသူ ယောက်ျားမျိုး။
စတဲ့ အချက် (၁၀) ချက်ကို ကြည့်ပြီး ဖူးစာဖက် ရွေးချယ်တယ်လို့ သိရပါတယ်။ ။
Credit. …