ရှေးလူကြီးတွေ ပြောတဲ့ ”ဧည့်သည်လာရင် ဆန်မကုန်စေနဲ့”ဆိုတဲ့ စကားရဲ့ ဆိုလိုရင်းအဓိပ္ပါယ်

Knowledge Lifestyle
Spread the love

လူကြီးတွေ ပြောတာ ကြားဖူးတယ်။ “ဧည့်သည်လာရင် ဆန် မကုန်စေနဲ့ကွတဲ့”။ငယ်ငယ်က ကြားဖူးတုန်းက ဘယ်နဲ့စကားကြီးပါလိမ့်ပေါ့။

စကားရိုးသလောက် အဓိပ္ပါယ်အများကြီး ရှိပါတယ်။ ကိုယ်နဲ့ သိ့၊မသိ့ ဧည့်သည်လာရင် ပုန်းနေပြီး ထမင်းချက်မကြွေးပဲ ရှောင်နေရမယ် ပြောတာ မဟုတ်ပါဘူး။

အောင့်အီးပြီး ချက်ကြွေးရမယ်လို့လည်း ပြောတာမဟုတ်ပါဘူး၊မကောင်းတတ်လို့ ချက်ကြွေးလိုက်ရတယ်လည်း မဟုတ်ပါဘူး၊

လက်ကချက်ကြွေးပြီး စိတ်က မပါတာမျိုးလည်း မဟုတ်ပါဘူး၊မျက်နှာလုပ်ပြီး ချက်ကြွေးရခြင်းမျိုးလည်း မဟုတ်ပါဘူး၊

ဒီလိုတွေပဲ တွေးတွေး လုပ်လုပ်ပြီး ချက်ကြွေး နေကြရင် သင်နှင့်ကျွန်ုပ်တို့ ဆန်ကုန်ကျိုးမရှိ ဖြစ်သွားပါပြီ။

ကိုယ့်မှာရှိတဲ့ ဆန်လေးနဲ့ အမျှော်မပါစေတနာသန့်သန့်လေး ချက်ကြွေးကြဖို့ရာ ပြောတာပါ။

အိမ်ရှင် ဘယ်လောက်အထိ့ စေတနာပါပါနဲ့ဧည့်ခံလိုက်တယ်ဆိုတာ ဧည့်သည်လုပ်ပြီး စားဖူးသူတိုင်း

အိမ်ရှင်မျက်နှာကို ကြည့်ပြီး အတိုင်းတာတခုထိ့ ခန့်မှန်းလို့ ရပါတယ်။ထားလိုက်ပါ ဒါက လိုရင်းသိပ့်မရောက်ပါဘူး။

ကိုယ့်ရှိတဲ့ ဆန် အကုန်ခံပြီး ချက်ကြွေးရတာချင်း အတူတူ ထမင်းစားသွားကြတဲ့ ဧည့်သည်တို့အပေါ်မှာ

ကိုယ့်စေတနာတွေ ဘယ်အတိုင်းတာထိ့ ပါသွားလည်းဆိုတာကမှ ဆန်ကုန်ခြင်း၊မကုန်ခြင်းကို အကဲဖြတ် ရ မှာဖြစ်ပါတယ်…။

ကိုယ့်အိမ် ဧည့်သည်လာတိုင်း ဆန်ကုန်ရကျိုး နပ်နိုင်ကြပါစေ။မှတ်ချက်။

ယနေ့ အသက်ရှင်ချိန်အထိ့..ကျွန်ုပ်တို့၏ ပါးစပ်၊ဝမ်းခေါင်းနှင့် မကင်းခဲ့ရပါသော ကျေးဇူးရှင် ထမင်းရှင်များအား ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ…။