လက်ဆောင်ပစ္စည်းများရရှိရန်အတွက် မွေးနေ့တုများဖြင့် တစ်ချိန်တည်းမှာပင် အမျိုးသမီး ၃၅ ဦးနှင့်တွဲခုတ်ခဲ့တဲ့ အမျိုးသား

Knowledge Lifestyle
Spread the love

လက်ဆောင်ပစ္စည်းများရရှိရန်အတွက် မွေးနေ့တုများဖြင့် တစ်ချိန်တည်းမှာပင် အမျိုးသမီး ၃၅ ဦးနှင့်တွဲခုတ်ခဲ့တဲ့ အမျိုးသားက နောက်ဆုံးမှာတော့့ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

ဖြစ်စဉ်ကတော့ အသက် ၃၉ နှစ်အရွယ် Takashi Miyagawa အမည်ရှိအမျိုးသားဟာ အမျိုးသမီး ၃၅ ယောက်အား မွေးနေ့အတုများဖန်တီးကာ လက်ဆောင်များ ရယူလိုမှုနဲ့ ဟန်ဆောင်တွဲခုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း Kansai ဒေသမှ အချိန်ပိုင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ Miyagawa က လက်ဆောင်အမြဲတမ်းရနေစေဖို့သေချာရန်အတွက် သူ့မှာမတူညီတဲ့မွေးနေ့ရက်များစွာရှိ ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အမျိုးသမီးများအား လှည့်စားမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရတဲ့ အမှုများစွာထဲမှ တစ်ခုတွင် Miyagawa က သူ့ရဲ့ အသက် ၄၇ နှစ်အရွယ် ချစ်သူအား သူ့မွေးနေ့ဟာ ဖေဖော်ဝါရီ ၂၂ ရက်လို့မှတ်သားထားစေခဲ့ပေမဲ့ တကယ်တမ်းသူ့မွေးနေ့အမှန်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ ဖြစ်ပါတယ်။

အခြားထိခိုက်နစ်နာသူ အသက် ၄၀ နှစ်အရွယ်က သူ့ရဲ့မွေးနေ့ဟာ ဇူလိုင်လတွင်ဖြစ်တယ်လို့ သူမအားပြောခဲ့ကြောင်းပြောပြခဲ့ပြီး အခြားချစ်သူကလည်း သူ့မွေးနေ့ဟာ ဧပြီလထဲမှလို့သာ မှတ်ယူထားကြောင်းပြောခဲ့ပြန်ပါတယ်။

ဂျပန်သတင်းဌာန SoraNews24 မှသတင်းပေးပို့ချက်အရ Miyagawa ရဲ့သားကောင်ဖြစ်ခဲ့ရသည့် အမျိုးသမီးစုစုပေါင်းမှာ ၃၅ ဦး ရှိပေမဲ့ အနာဂတ်မှာရှေ့ဆက်လာမယ့် အဆိုပါဂျပန် Romeo ရဲ့နစ်နာသူ ဖြစ်လာနိုင်ခြေရှိမဲ့အမျိုးသမီးများလည်းကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် Miyagawa ဟာ အမျိုးသမီးများထံမှ ဂျပန် ယန်း တစ်သိန်းတစ်ဖိုးရှိတဲ့ မွေးနေ့လက်ဆောင်များ၊အဝတ်အစားများနှင့်ငွေသားများလိမ်လည်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရပါတယ်။

သူဟာ ဟိုက်ဒရိုဂျင်ရေပန်းခေါင်းများနှင့်အခြားထုတ်ကုန်များကိုရောင်းချတဲ့ဈေးကွက်ရှာဖွေရေး ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်နေစဉ်က သူ့ရဲ့နစ်နာသူများနှင့်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းသတင်းဝက်ဘ်ဆိုက်များက Miyagawa ဟာ အမျိုးသမီးများထံမှ ငွေသားများ ၊ သူ့ရဲ့မွေးနေ့ တစ်ခုစီအတွက် ဈေးကြီးဝတ်စုံအချို့ကို လိမ်လည်ခဲ့တဲ့အပြင် အဆိုပါအမျိုးသမီးများအား သူ့ရဲ့ ရေချိုးခန်းသုံးပစ္စည်းအချို့ကိုပါ အမြတ်အဖြစ်ရောင်းချနိုင်ခဲ့ပါသေးတယ်။

သူဟာ Single ဖြစ်တဲ့အမျိုးသမီးတွေကိုသာပစ်မှတ်ထားပြီး သူကမကြာခင်တစ်ချိန်မှာ
လက်ထပ်ချင်ကြောင်းအကြံပြုခြင်းဖြင့် relationship တစ်ခုကိုစတင်ခဲ့တယ်လို့သတင်းတွေအရသိရပါတယ်။ နောက်ဆုံးတွင် အမျိုးသမီး များဟာ ပူးပေါင်း၍နစ်နာသူများအသင်းကိုဖွဲ့စည်းခဲ့ပြီး ဖေဖေါ်ဝါရီလတွင် Miyagawa အား ရဲလက်ထဲသို့အပ်ခဲ့ကြပါတယ်။