လိပ်ပြာလေးတွေဟာ ပုတ်သိုးဆွေးမြေ့နေတဲ့တိရိစ္ဆာန် တွေ ၊အသီးအရွက်တွေ၊ တိရိစ္ဆာန် တွေ ၏မစင်အညစ်အကြေးတွေကို လည်းစားသုံးကြပါတယ်။
ပန်းပွင့်တွေထံက ရရှိတဲ့ “ဆားဓါတ်”ဟာ သူတို့အတွက်မလုံလောက်ပါဘူး ဒါကြောင့် ဆားဓါတ်ရရှိမယ့်နေရာတွေကသူတို့ကို ဆွဲဆောင်နေပါတယ်။
အကယ်၍ လိပ်ပြာလေးတွေ ဟာသင့်ပေါ်မှာလာနားမယ်ဆိုရင် သင့်အတွက်စိတ်ကြည်နူးစရာပါ ဘာလို့လဲဆိုတော့ သင်ဟာပန်းလေးနဲ့တူလို့လိပ်ပြာလေးတွေလာနားတယ်လို့ထင်စရာပါ။
သို့သော် လိပ်ပြာတွေအတွက်က သင့်ကိုယ်ကထွက်နေတဲ့၊ ချွေး၊သွေး ထဲက Sodium ဆားဓါတ်ကိုစုပ်ယူချင်နေတာပါ။
လိပ်ပြာတွေရဲ့ ဝတ်ရည်စုပ်တံကလည်း သေးငယ်တဲ့အတွက် သင့်ထံမှသွေးစုပ်ယူနေရင်တောင်သင်သိနိုင်မှာမဟုတ်ပါဘူး။