လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ
စိတ်များကြည်လင် လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ ရှိပါသည် …။
၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် …
ထိုစိတ်မျိုး ဝင်လာလျှင် ‘ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံ စိတ်ပေပဲ’ ဟု
သဘောထားကာ ထိုစိတ်ကို ပျောက်ပျက် မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို ပြုလုပ်ဖြစ်အောင်သာ ကြိုးစား လုပ်ဆောင်ယူရမည်ဖြစ်သည်။
ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသော သမားရိုးကျ
မကောင်းကံဘက်သို့ ပြန်ပြောင်း နောက်ကြောင်းပြန် မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။
လှူချင်တန်းချင်စိတ် ပေါ်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ’၊
သီလဆောက်တည်ချင်စိတ် ပေါ်လာလျှင် ‘ငါ ကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ’၊
ဘုရားရှိခိုးချင်စိတ် ပေါ်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ’၊
ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ် ပေါ်လာလျှင်
‘ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊ အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ’ စသည်ဖြင့်
ကောင်းကံများ အထမြောက် အောင်မြင်စေရန် ကြိုးစား လုပ်ဆောင်ရမည် ဖြစ်သည်။
ကောင်းစိတ်များ ပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ် လျှင် အခွင့်အရေးကောင်း၊
အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရ မည်ဖြစ်ပြီး ၎င်းအခွင့်ကောင်း၊
အခြေအနေကောင်းများကို လက်မလွတ်စေရန် လွန်စွာ အရေးကြီးပါသည် …။
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ…..။
Source, yokesone