လူတစ်သိန်းကိုကျွေးရတာနဲ့ ညီမျှသည့် ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း

Knowledge
Spread the love

ဘုရားရှိခိုးနည်း

တစ်ကြိမ် ဘုရားရှိခိုးလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့

ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။

ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့….

မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော် မူပြီးသော

ဘုရား

တရား

သံဃာအား

လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ် ရှိခိုးလိုက်)၊

ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော် မူပြီးသော

ဘုရား

တရား

သံဃာအား

လှူဒါန်းပါ၏ဘုရား…(တစ်ကြိမ် ရှိခိုးလိုက်)၊

အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော

ဘုရား

တရား

သံဃာအား

လှူဒါန်းပါ၏ဘုရား…(တစ်ကြိမ် ရှိခိုးလိုက်)။

ဤသို့အားဖြင့် ရတနာသုံးပါးကိုသုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။

အင်မတန် အကျိုးများတဲ့ဘုရားရှိခိုးနည်းပါ။

ဘာကြောင့်လဲဆိုတော့…….

မမြဲသော မိမိခန္ဓာ ကိုယ်ကြီးကို မမြဲတဲ့အကြောင်း ပွားတာက

ဝိပႆနာပါ။

မမြဲခြင်း ၊

ဆင်းရဲခြင်း၊

အစိုးမရခြင်း

ကိလေသာမရှိတဲ့ ဘုရား ၊

ကိလေသာ ကင်းကြောင်းဖြစ်တဲ့ တရား ၊

ကိလေသာ ကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာက သမထပါ။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။

ဒါနရော သမထရော ဝိပဿနာရော ကုသိုလ် အကုန်ပါသွားတဲ့ ဘုရားရှိခိုးနည်းပါ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)