လူတိုင်း လူတိုင်း တစ်သက်တာမှာ (၈)နှစ်တစ်ခါကြုံရတဲ့ မရဏသက်ရောက်

Knowledge Lifestyle
Spread the love

လူတိုင်း တစ်သက်တာမှာ (၈)နှစ်တစ်ခါကြုံရတဲ့ မရဏသက်ရောက်

မဟာဘုတ်(၂)ကြွင်း ခုနှစ်ရက်သားသမီးများအတွက် အသက်အပိုင်းအခြားလိုက် မရဏသက်ရောက်များ

တွက်စရာ မလိုပါဘူး မိမိ၏ မြန်မာမွေးသက္ကရ် နဲ့ နေ့သားသမီး အသက်အပိုင်းအခြားကို အောက်မှာ ကြည့်လိုက်ရုံပါပဲ

မြန်မာသက္ကရာဇ်ခုနှစ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ် ထဲမှ ( ၆၃၈ ) ဂဏန်း ကို နုတ် လိုက် လျှင် မြန်မာသက္ကရာဇ် ကို ရရှိပါသည်

အကယ်၍ ကိုယ့် မွေးရက် မွေးလ သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ် ပါက ( ၆၃၉ ) ဂဏန်း ကို နုတ် ရပါမယ်

မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မှ ဒီဇင်ဘာ ( ၃၁ ) အတွင်း မွေးလျှင် ( ၆၃၈ ) ဂဏန်း ကို နုတ် ရပါမယ်

မရဏသက်ရောက် ဆိုသည်မှာ မိမိမဟာဘုတ်မှ မရဏဂြိုဟ် သက်ရောက်ကို ဆိုလိုသည်

မဟာဘုတ် (၁)ကြွင်း အဖို့ ဗုဒ္ဓဟူး သည် မရဏဂြိုဟ် ဖြစ်သဖြင့် ဗုဒ္ဓဟူးနှင့် ရာဟုသက်ရောက်သည် (၁)ကြွင်း မဟာဘုတ် သမားများအတွက် မရဏသက်ရောက် ဖြစ်သည်။

အလားတူပင်

(၂)ကြွင်းမဟာဘုတ်သမားအဖို့ ကြာသပတေးသက်ရောက်သည် မရဏ သက်ရောက်ဖြစ်သည်။

(၃)ကြွင်းမဟာဘုတ်သမားအဖို့ မရဏသက်ရောက်သည် သောကြာသက်ရောက် ဖြစ်သည်။

(၄)ကြွင်းမဟာဘုတ်သမားအတွက် မရဏသက်ရောက်သည် စနေသက်ရောက် ဖြစ်သည်။

(၅)ကြွင်းမဟာဘုတ်ဖွားများအတွက် မရဏသက်ရောက်သည် တနင်္ဂနွေ သက်ရောက်ဖြဟ်သည်။

(၆)ကြွင်းမဟာဘုတ်ဖွားအဖို့ မရဏသက်ရောက်သည် တနလာ င်္သက်ရောက် ဖြစ်သည်။

(၇)ကြွင်း သို့မဟုတ် (၀)ကြွင်း မဟာဘုတ်အဖွားအတွက် အင်္ဂါ သက်ရောက်သည် မရဏသက်ရောက်ဖြစ်သည်။

မရဏဂြိုဟ်ခွင်တွင် ဘုန်း၊စည်းစိမ်၊ရာထူး၊အသက်၊ဂုဏ်တို့ မမျော်လင့်ဘဲ ပျက်စီးတတ်၍ သတိပြသင့်သည်။

မရဏဂြိုဟ်ခွင်သို့ရောက်လျှင် ဥပမာအားဖြင့် လေဖြတ်၊ဆွံအ၊နားမကြား၊ ခြေလက်မသန်၊ မျက်ကန်းသူတို့နှင့်တူသည်။

၄င်းဂြိုဟ်ရောက်နေလျှင် စီးပွားရေး၊ လူမူ့ရေး၊ ကျန်းမာရေး မလုပ်နိုင်၊ မစွမ်းနိုင်၊ မမှန်နိုင်။ လုပ်လေ၊ ဒုက္ခရောက်လေ ဖြစ်တတ်သည်။

မရဏဂြိုဟ်သည် ဂြိုဟ်ကောင်း (ရာဟု၊သောကြာ၊တနင်္ဂနွေ၊တနင်္လာ) သက်ရောက်များ နေရာကျရောက်လျှင် ၄င်းဂြိုဟ်များ၏ အဓိပ္ပယ်နှင့် ဆန့်ကျင်ဘက်ကို ဖြစ်ပေါ်စေသည်။

မရဏဂြိုဟ်သည် ဂြိုဟ်ဆိုး (အင်္ဂါ၊ ဗုဒ္ဓဟူး၊စနေ၊ကြာသပတေး) သက်ရောက်များ နေရာတွင် ကျရောက်နေလျှင် ၄င်းဂြိုဟ်၏ဆိုးအားနှင့် မရဏဂြိုဟ်အား နှစ်ရပ်ပေါင်းဆိုးကျိုးကို တစ်ပြိုင်နက်ထဲ ခံစားရတတ်သည်။

မရဏဂြိုဟ်ကို ထပ်မံ၍ အဓိပ္ပယ်ဖွင့်ဆိုရသော် ၄င်းဂြိုဟ်သည် အသက်ရှင်နေသော်လည်း မသွားချင်၊ မလာချင်ဖြစ်ခြင်း၊သွားလာလျှင်လည်း ထိခိုက်ပျက်စီးမူ့များ၊ လုပ်သမျှပျက်စီးမူ့များ၊ လုပ်သမျှဆုံးရှုံးပျက်စီးခြင်း၊ ကြံသမျှအလွဲလွဲ အချော်ချော် ဖြစ်ခြင်း စသည် အကျိုးတရားများကို ခံစားရတတ်သည်။

၄င်းမရဏဂြိုဟ်သည် တစ်ခုခုကို ဒုက္ခပေးရမှ ကျေနပ်သောဂြိုဟ်ဖြစ်သည်။ ဂြိုဟ်ဆိုးမရဏခံနေစဉ် နာတာရှည်ဖြစ်ခြင်း၊ နဂိုလုပ်လာသောလုပ်ငန်းများ၊ ရပ်တန့်ပျက်စီးခြင်း စသည့်အကျိုးခံစားရပြီး ဂြိုဟ်ဆိုးမရဏခံနေလျှင် ရုတ်တရက် သေတတ်ပါသည်။

၄င်းဂြိုဟ်ကောင်းမရဏရှိနေလျှင် စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး ရုတ်တရက် ပျက်စီးလွယ်သည်။ ထို့ကြောင့် မရဏဂြိုဟ် ပျက်စီးသောသဘောရှိ၏။ ထို့ပြင် ဂြိုဟ်အိပ်ရော သက်ရောက်ပါ မရဏနှစ်ထပ်ဖြစ်ပါက မရဏဆိုးကျိုး ပို၍ခံစားရသည်။

(၂)ကြွင်း မဟာဘုတ် ခုနှစ်ရက်သားသမီးတို့၏ အသင့်တွက်ပြီး မရဏသက်ရောက်များ

(၂)ကြွင်း မဟာဘုတ်ဖွားများမှာ မြန်မာနှစ်များဖြစ်သည့် ၁၃၀၄၊၁၃၁၁၊၁၃၁၈၊၁၃၂၅၊၁၃၃၂၊၁၃၃၉၊၁၃၄၆၊၁၃၅၃၊၁၃၆၀၊၁၃၆၇၊၁၃၇၄၊၁၃၈၁ ခုနှစ် ဖွားများဖြစ်ကြသည်။

(၂)ကြွင်းမဟာဘုတ်၏ မရဏမှာ ကြာသပတေးဖြစ်သဖြင့် (၂)ခု ကြွင်း မဟာဘုတ်ဖွား ခုနှစ်ရက်သားသမီးတို့၏ ကြာသပတေး မရဏသက်ရောက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

တနင်္ဂနွေသားသမီးအသက် ၆၊၁၄၊၂၂၊၃၀၊၃၈၊၄၆၊၅၄၊၆၂၊၇၀၊၇၈နှစ်။

တနလာင်္သားသမီးအသက် ၅၊၁၅၊၂၁၊၂၉၊၃၇၊၄၅၊၅၃၊၆၁၊၆၉၊ရရနှစ်။

အဂါင်္သားသမီးအသက် ၄၊၁၄၊၂၀၊၂၈၊၃၆၊၄၄၊၅၂၊၆၀၊၆၈၊၇၆နှစ်။ (အင်္ဂါသားသမီး ကြာသပတေး သက်ရောက် မရဏနှစ်ထပ်မှာ ၃၆၊၄၄၊၅၂ နှစ်ဖြစ်သည်။)

ဗုဒ္ဓဟူးသားသမီးအသက် ၃၊၁၃၊၁၉၊၂၇၊၃၅၊၄၃၊၅၁၊၅၉၊၆၇၊၇၅နှစ်။ (ဗုဒ္ဓဟူးသားသမီး ကြာသပတေး မရဏနှစ်ထပ်မှာ ၃၅၊၄၃ နှစ်ဖြစ်သည်။)

ကြာသပတေးသားသမီးအသက် ၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃နှစ်။ (ကြာသတေးသားသမီး မရဏ နှစ်ထပ်မှာ ၁၊၉၊၁ရနှစ် ဖြစ်သည်။)

သောကြာသားသမီးအသက် ၇၊၁၅၊၂၃၊၃၁၊၃၉၊၄၇၊၅၅၊၆၃၊၇၁၊၈၉နှစ်။

စနေသားသမီးအသက် ၂၊၁၀၊၁၈၊၂၆၊၃၄၊၄၂၊၅၀၊၅၈၊၆၄၊၇၂၊၈ဝနှစ်။ (စနေသားသမီး ကြာသပတေး မရဏနှစ်ထပ် နှစ်မှာ ၁၈၊၂၆ နှစ်ဖြစ်သည်။

(၂)ကြွင်းဖွားတို့သည် ကြာသပတေး မရဏသက်ရောက် တို့တွင် လောကြီးခြင်း၊တဇွတ်ထိုးလုပ်ခြင်း၊ဖြတ်လမ်းလုပ်ငန်းများ ကြံစည်လုပ်ကိုင်တတ်သည်။ထိုသို့လုပ်မိပါက ရည်မှန်းချက် အတိုင်းမဖြစ်ပဲ ရှေ့တိုးမရ၊နောက်ဆုတ်မရဖြစ်ပြီး အမှုအခင်း အရှုပ်အရှင်း တစ်ခုခုဖြင့် လုံးပါးပါးသည့် အဖြစ်သို့ရောက်၍ ပျက်စီးဆုံးရှုံးတတ်သည်။

ထို့ကြောင့် (၂)ကြွင်း ကြာသပတေး မရဏသက်ရောက်မှာ မတိုင်ပင်ဘဲ ကိုယ့်သဘောနှင့် အတင်းအဓမ္မ ကြံစည်လုပ်ကိုင် စွန့်စားခြင်းကို ရှောင်၍ ပေးလာသည့် အခွင့်အလမ်းတခုခုနောက်သို့သာ ဖြည်းဖြည်းမှန်မှန် သတိထားပြီး၊တစ်နည်း လောဘသတ်ပြီး စတင် လုပ်ကိုင်ပါ။ ထိုသို့မဟုတ်ပါက ခြေသလုံးအိမ်တိုင်ဘဝ ရောက်နိုင်သည်။ စီးပွားပျက် ဘဝပျက်ဖြစ်တတ်သည်။ ရှိတာတွေ အကုန်ထွက်သွားတတ်သည်။ ရုံးပြင်ကနားရောက်တတ်သည်။ အမှုအခင်းဖြစ်တတ်သည်။

မဟာဘုတ်(၂)ကြွင်းသမားများ ယခုအသက်အပိုင်းအခြားကို ကျရောက်တော့မယ်၊ ကျရောက်နေတယ်ဆိုရင် သတိနှင့်နေပါ

မကောင်းမူ့များရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။ ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်များရှောင်ပါ ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။

ဘာသာရေး ဘုရားတရားများများ လုပ်ပါ။ မိဘဆရာသမားတို့၏ လမ်းညွန်မူ့ကို ခံယူပါ အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများ ပြုလုပ်ပါ။

မြတ်စွာဘုရားရှင်အား ပန်းမွေ့ရာခင်းလှူပါ။ပေါက်ပေါက် ဆုပ်လှူဒါန်းပါ၊ဆေးဝါးလှူဒါန်းပါ၊ဘိုးဘွားရိပ်သာများကို လှူဒါန်းပါ။ခွေးလေ ခွေးလွင့်များကို အစာကြွေးပါ။

ငှက်လွှတ်ခြင်း၊ငါးလွှတ်ခြင်းကုသိုလ်ယူပါ။ နဝင်းယတြာကို ပြုလုပ်ဆောင်ရွက်ပါ။

ကျန်တဲ့ အကြွင်းနဲ့ နေ့သားသမီးများအတွက် ဆက်လက်ဖော်ပြပါမည်။