လူသတ်မှုကြီးကို ဖော်ထုတ်နိုင်ခဲ့လို့ ရွှေတံဆိပ်ဆုကြီး ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ခွေးလေး

News
Spread the love

လူသတ်မှုကြီးကိုဖော်ထုတ်နိုင်ခဲ့တဲ့ အသက် 12နှစ်အရွယ် ၊ Urby အမည်ရှိတဲ့အနံ့ခံရဲခွေးလေးဟာ သူ့၏စွမ်းဆောင်နိုင်ချက်အတွက် ရွှေတံဆိပ်ရရှိခဲ့ကြောင်းကို မလေးရှားရဲတပ်ဖွဲ့မှ သူတို့ရဲ့ Facebook စာမျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြခြင်းခဲ့ကြပါတယ် ။ ခွေးလေးနှင့် သူ့၏လေ့ကျင့်ထိန်းကျောင်းပေးသူဖြစ်တဲ့ တပ်ကြပ်ကြီးUmbat Anak Selan တို့ဟာ မလေးရှားနိုင်ငံ ၊ Banting မြို့မှာဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကြီးကို ပြီးခဲ့တဲ့ October လ ကဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

အဆိုပါ အသက်12နှစ်အရွယ် ခွေးလေးဟာ လွန်ခဲ့တဲ့ရက်ပေါင်းများစွာက ပျောက်ဆုံးနေခဲ့ကြောင်း တိုင်ကြားထားခဲ့တဲ့ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသားတစ်ဦးကို ချုံပုတ်ထဲမှာသေဆုံးနေခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။ထို့ကြောင့် ခွေးလေး Urby နှင့် သူ၏လုပ်ဖော်ကိုင်ဖက် တပ်ကြပ်ကြီး Umbat တို့ဟာ K9 Series 1/2019 သင်တန်းဆင်းပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ခွေးလေးရဲ့ စွမ်းဆောင်ချက်ကို လူအများက နှစ်သက်သဘောကျခဲ့ကြပြီး နောက်ပိုင်း ယခုထက်များစွာသော ဆုများဆွတ်ခူးရရှိနိုင်ဖို့ လူအများက ဆုတောင်မေတ္တာပို့ပေးလျက်ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *