လူအိပ်သော်လည်း ကုသိုလ် မအိပ်သောအလှူ ( ၇ ) မျိုး နှင့် အပါယ်လားစေတတ်သော အလှူဒါန (၁၀) ပါး

Knowledge Lifestyle
Spread the love

(၁) သစ်ပင် ပန်းမန် ဥယျဉ်စိုက်ပျိုးခြင်း။

(၂) အရိပ်အာဝါသကောင်းသော အပင်များ စိုက်ပျိုးခြင်း။

(၃) ကားလမ်း တံတား မြစ်ချောင်းအင်းအိုင် ဆောက်လုပ်ခြင်း။

(၄) ရေချမ်းစင်ဆောက်လုပ် လှူဒါန်းခြင်း။

(၅) ရေလှောင် တာတမံ ရေတွင်းရေကန် လှူဒါန်းခြင်း။

(၆) ဇရပ် ဂူ ကျောင်း ဆောက်လုပ် လှူဒါန်းခြင်း။

(၇) ဆေး ပဒေသာပင် ဆွမ်းပဒေသာပင်များ လှူဒါန်းခြင်း။

အပါယ်လားစေတတ်သော အလှူဒါန (၁၀) ပါး

၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )

၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ

၃။ ဣတ္ထိဒါန- မိန်းမအလှူ

၄။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ

၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ

၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ

၇။ ၀ိသဒါန- အဆိပ်အလှူ

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ဝက် သားကောင်အလှူ

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။

၁။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန် းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။

ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြ ပါတယ်။ ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ

ငါလည်း ကု သိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့ အလှူဟု ထင်မှတ်ပြီး

အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းေ သာ အလှူကိုပေးလှူတတ်ကြပါတယ်။

အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသောေြ ကာင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတ ယ်။

၂။ သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကို လည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။

မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး

သေ ရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသ ည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။

တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ် တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။

ဒါကြောင့်ထိုထိုသောဒါနကိုလည်း အား လုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။

၃။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ေ ဆွ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက်

မိမိက အခကြေးငွေအကုန် ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေး ပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။

၄။ နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလ ားတို့ကို ပေးလှူတဲ့အလှူဒါနပါ။

ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။ ၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့

ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ် စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆို လိုခြင်းဖြစ်ပါတယ်။

ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်ေ လးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟု တ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊

သတ်ဖြတ်ဖို့အတွက် သေစေ နိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာကတစ်ဦးတစ်ယောက်ကိုသေစေလိုသောစေတနာဖြင့်သေစေနိုင်သောအဆိပ်ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါ တယ်။

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ဝက် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှ င်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ

သူတစ်ပါးအားသတ်စေ ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (*ချိန်ခွင်နဲ့စျေးရောင်းသူ)၊

ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး၊ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး

(*ဆန်ရောင်းသူများဖြစ်စေဖို့အတွက်အလေးချိန်ခွင်ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေ တတ်သော အလှူဒါနများကို အပြစ်ကင်းသော

ကုသိုလ်ရသောအလှူဒါနဟု ထင်မှတ်ပြီး ပြု လုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ် မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။

ထိုထိုသို့သော အလှူများက ကုသိုလ် မရသည့်အပြင် အပါယ်လေးပါးကကို ရောက်စေတတ်တာကြောင့်အားလုံးသော သူများ အထူးရှောင်ကြဉ်ပြီး

အပြစ်ကင်းသော ကုသိုလ်ြ ဖစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန် ရသလောက်

စောင့်ထိန်း ပွားများနိုင်ကြကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံ း သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

Credit – Original Uploader