လျားစောင်းလက်ပက်နဲ့ ပေါင်းတင်ပြီး ဝက်ခြံတွေထွက်လာတာ ဒီအချက်ကြောင့်ပါ

Knowledge
Spread the love

းစောင်းလက်ပတ်နဲ့ ပေါင်းတင်သူများ သတိထားကြပါနော်…(လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)

ရှားစောင်းလက်ပတ်နဲ့ ပတ်သက်ပြီး အထူးသတိထားရမယ့် အချက်လေး တစ်ချက်ကို မျှဝေချင်ပါတယ်။

အလှအပ​​ရေးရာမှာ ရှားစောင်းဟာ နာမည်ကြီးပါတယ်။သူ့ကောင်းကျိုးတွေ အသုံးဝင်ပုံတွေ

အသုံးပြုပုံတွေကတော့ အတော်များများ သိပြီးဖြစ်လို့ မပြောတော့ပါဘူး ။

သတိထားရမှာကတော့ ရှားစောင်းကို အသုံးမပြုခင်မှာ အဝါရောင် အဆိပ်ကို မဖြစ်မနေ ထုတ်ပေးဖို့ပါဘဲ ။ရှားစောင်း အပင်ကနေ အရွက်ကလေးကိုဖြတ် ရေဆေးပြီး မျက်နှာကိုသုတ်ပြီး ၊

လိမ်းမယ်ဆိုရင်တော့ ရှားစောင်းမှာပါတဲ့ အဆိပ်တွေကို အရေပြားအတွင်း ထိုးသွင်းသလို ဖြစ်ပြီး အန္တရာယ်များပါတယ်။ရှားစောင်းသုံးပြီး အရေပြားယားတာ ဝက်ခြံတွေ ထွက်လာဟာ အဲ့ဒီအဆိပ်ကြောင့်ပါ။

ဒါကြောင့် အသုံးမပြုခင် အဆိပ်ထုတ်ပေးဖို့ လိုပါတယ်။ရှားစောင်းမှာ အစိတ်အပိုင်း နှစ်ခုရှိပါတယ် ။အတွင်းသား ဂျယ်လီနဲ့ အစေးအပိုင်းပါ ။

အစေးပိုင်းက အဆိပ်ရှိတာပါ။ ရှားစောင်းကိုဖြတ် မျက်နှာပြင်ကို အပ်ပေါက်ရာလေးတွေ ဖောက်ပြီး ခွက်တခုထဲမှာ ထည့်ထားမယ်ဆိုရင် အဝါရောင်အစေးတွေ အများကြီး ထွက်လာပါတယ်။

အရင်တုန်းကတော့ အဲ့ဒီအစေးတွေကို ပရဆေးဆိုင် တွေမှာ သွားရောင်းလို့ရပါတယ်။မြန်မာ့တိုင်းရင်းဆေး

လောကမှာ သုံးတဲ့ ” မုတ်ခါး “ဆိုတဲ့ ဝမ်းနုတ်ဆေးဟာ အဲ့ဒီ ရှားစောင်းအစေးတွေကို ရှားစေးနဲ့

ရောစပ်ပြီး ဖော်ထားတာပါ။

ရှားစောင်းအဆိပ်ထုတ်နည်း…

ရှားစောင်း အဆိပ်ထုတ်ပုံကတော့ လွယ်ပါတယ် ။ရှားစောင်းအရွက်တွေကို ဖြတ်ပြီးပြီးခြင်း ခွက်တခုထဲမှာ ၄၅ ဒီကရီလောက် စောင်းပြီး ထောင်ထားပေးပါ ။

အဝါရောင် အစေးပျစ်ပျစ်တွေ ထွက်လာပါလိမ့်မယ် ။အချိန်ကတော့ ၃ နာရီလောက်ဆိုရပါတယ်။အဲ့ဒီအစေးတွေကို

ပြောင်စင်အောင် ဆေးကြောပြီး အသုံးပြုမှသာ ရှားစောင်းရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိမှာ ဖြစ်ပါ​သည်။

(လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)