ဝက်ခြံတွေထွက်လို့ စိတ်ညစ်နေမယ့်အစား ဒီစာလေးကိုဖတ်လိုက်ပါ။
ဝက်ခြံတွေ တအားထွက်နေလို့ ဝက်ခြံအတွက် အကောင်းဆုံးဆိုတဲ့ ဆေးတွေဝယ်သုံးနေတာဟာ သင့်ရဲ့ငွေတွေကို ဖြုန်းတီးရာရောက်ပါလိမ့်မယ်။ အောက်မှာပြောမယ့် အချက်လေးတွေကို နေ့စဉ်မှန်မှန်လေး လုပ်ပေးကြည့်ပါ။ အမှန်တကယ်ကို သက်သာလာပါလိမ့်မယ်။
သင့်ရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ကိုယ့်ရဲ့မျက်နှာကို သန့်ရှင်းနေစေဖို့အတွက် ခဏခဏမျက်နှာသစ်ခိုင်းနေတာ မဟုတ်ပါဘူး။ တစ်နေ့မှာ နှစ်ကြိမ်ပဲ မျက်နှာသစ်ပါ။ မနက်တစ်ခါ ညတစ်ခါ ဆိုပိုကောင်းပါလိမ့်မယ်။
မျက်နှာသစ်တဲ့အခါမှာလည်း ရေနွေးနွေးနဲ့ နူးညံ့တဲ့မျက်နှာသစ်ဆပ်ပြာကိုသုံးရင် လုံလောက်ပါတယ်။
မျက်နှာသုတ်တဲ့အချိန်မှာလည်း နူးညံ့တဲ့ တဘက် နဲ့ အသာအယာသုတ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်လိုက်တာကြောင့် မလိုအပ်တဲ့ အဆီတွေ နဲ့ သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေမှာ ပိတ်နေတဲ့ ချေးညှော်တွေကို ဖယ်ရှားပေးလိုက်သလို ဖြစ်စေတယ်လို့ သိရပါတယ်။
မျက်နှာသစ်ပြီးရင်တော့ moisturizer လေးတစ်ခုခုသုံးကြည့်ပါ။ moisturizer ကိုရွေးချယ်ရာမှာလည်း ဝက်ခြံမဖြစ်စေတဲ့ “noncomedogenic” ဆိုတဲ့ စာသားကို label မှာရှာကြည့်ပြီးမှရွေးချယ်ဝယ်ယူသင့်ပါတယ်။
မိတ်ကပ်လိမ်းတာကြိုက်တဲ့သူဆိုရင်တော့ မိတ်ကပ်ကို ပါးပါးလိမ်းထားတာ ပိုသင့်လျော်တယ်လို့သိရပါတယ်။ မိတ်ကပ်ကထူနေမယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေပိုဆိုးလာနိုင်ပါတယ်။
အရေးကြီးတဲ့နောက်တစ်ချက်ကတော့ မျက်နှာပေါ်မှာ ဘာမှရှိမနေတာ ပိုကောင်းတယ်လို့ ဆိုပါတယ်။
မိမိရဲ့ ဆံပင်တွေဟာ မျက်နှာပေါ်မှာကျနေမယ်ဆိုရင် ဝက်ခြံတွေကို ပွန်းစားမှုတွေဖြစ်စေပြီး ရောင်ရမ်းလာမှာဖြစ်ပါတယ်။ သင်ဟာ Gel နဲ့ Hair cream တွေအသုံးပြုသူဖြစ်မယ်ဆိုရင် ထိုအရာတွေဟာ မျက်နှာပေါ်ကျရောက်သွားချိန်မှာ အဆီတွေပြန်ပြီး ချွေးပေါက်တွေကို ပိုပိတ်သွားစေတယ်လို့ သိရပါတယ်။
သင့်ရဲ့လက်တွေကိုလည်း မျက်နှာနဲ့ အဝေးမှာ ထားတာက ပိုသင့်တော်မယ်လို့ ပြောပါတယ်။
လက်ဟာ ဘက်တီးရီးယား အများဆုံးတည်ရှိတဲ့နေရာဖြစ်တာကြောင့် မျက်နှာကို ကုတ်ခြစ်မိတဲ့ အချိန်မှာ ဘက်တီးရိးယားတွေ ပျံ့နှံ့ပြီး ဝက်ခြံတွေကို ပိုဆိုးရွားလာစေတယ်လို့ သိရပါတယ်။
နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကလည်း ဝက်ခြံတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ သိရပါတယ်။ SPF 30 အထက်ရှိတဲ့နေရောင်ထဲမှာ မိနစ်နှစ်ဆယ်ထက်ပိုပြီးမနေတာ ကောင်းတယ်လို့သိရပါတယ်။
နေ့စဉ်ပုံမှန် exercise လုပ်ခြင်းကလည်း ဝက်ခြံတွေကို သက်သာစေလာတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုတွေကလည်း ဝက်ခြံကိုပိုထွက်လာစေလို့ စိတ်ကိုတည်ငြိမ်အောင် လုပ်တာကလည်း အကောင်းမွန်ဆုံးဖြစ်စေနိုင်ပါတယ်။