ဝန်ထမ်းလစာကို အတော်အသင့်စုမိပြီး တနိုင်တပိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လိုသူများအတွက်

Knowledge
Spread the love

ဝန်ထမ်းလစာကို အတော်အသင့်စုမိပြီး တနိုင်တပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများအတွက် အရင်းနည်းနည်းနဲ့ စတင်နိုင်မယ့် လုပ်ငန်းများ

ဝန်ထမ်းလစာကို အတော်အသင့်စုမိပြီး ကိုယ်ပိုင်စီးပွားရေးစတင်လည်ပတ်လုပ်ကိုင်လိုသူများအတွက် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒေါ်လာဈေးတက် ရွှေဈေးတက်နေတဲ့အချိန်မှာ မိမိလက်ထဲ ပိုက်ဆံတွေ စုပြီး ကိုင်မထားချင်ဘူး ရွှေတွေ ဒေါ်လာတွေ လည်း မဝယ်ချင်တဲ့အပြင်

စီးပွားရေးပဲ လုပ်ကိုင်လိုသူတွေအတွက် ဦးစားပေးစဉ်းစားသင့်တဲ့ စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အဆိုပါတနိုင်တပိုင်လုပ်ကိုင်နိုင်တဲ့ စီးပွားရေးလုပ်ငန်း ၂၁ မျိုးကတော့

(၁) ပင်မင်း၊ အဝတ်လျော် အိမ်အရောက်ပို့ဝန်ဆောင်မှု လုပ်ငန်း၊ (၂) ခွေးထိန်းသိမ်း၊ သန့်ရှင်း နှင့် အစားအစာ ( ခွေးဟိုတယ်) လုပ်ငန်း၊

(၃) ရေခဲမုန့်၊ သစ်သီးဖော်ရည် တွန်းလှည်း (၄) ဆင်းကဒ် နံပါတ်အလှ ဝယ်/ရောင်း၊ (၅) အုတ်စက်လုပ်ငန်း ၊ (၆) အွန်လိုင်း ရှော့ပင် ( Online Shopping)၊

(၇) ရေသန့်လုပ်ငန်း ၊(၈) ခရီးသွား အေဂျန်စီ၊ (၉) တနိုင်တပိုင် ကုန်ပစ္စည်း အိမ်အရောက်ပို့လုပ်ငန်း (၁၀) စက်ဘီး၊ ဆိုင်ကယ် အဌားလုပ်ငန်း၊

(၁၁) ကင်မရာ၊ ဓာတ်ပုံဆိုင်၊ (၁၂) ကုန်စုံဈေးဆိုင်/ ကွမ်းယာဆိုင်/ ငွေဖြည့်ကဒ်၊ (၁၃) ပန်းအလှဆင်နှင့် ပန်းရောင်းဝယ်ရေး

(၁၄) အဝေးပြေးလက်မှတ် အရောင်းဌာန၊ (၁၅) ကွန်ပျူတာ စာစီစာရိုက်၊ မိတ္တူလုပ်ငန်း၊ (၁၆) ဈေးကွက်သုတေသန ကောက်ယူရေးဝန်ဆောင်မှု၊

(၁၇) ဒုတ်ထိုးဆိုင်/ မုန့်ဟင်းခါးဆိုင်/ခေါက်ဆွဲဆိုင် (၁၈) စက်ချုပ်ဆိုင်၊ (၁၉) အဲကွန်းဆားဗစ် ဆိုင်၊ (၂၀) ဆံပင်ညှပ်ဆိုင်၊

(၂၁) ဗွီဒီယို၊ ဓာတ်ပုံ တည်းဖြတ် စတူဒီယို စသည့်လုပ်ငန်းများပဲ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ ၂၁ မျိုးမှာ ခေတ်ကာလ ခေတ်အခြေအနေကို လိုက်ပြီး

အရင်းနည်းနည်းနဲ့ အမြတ်သေချာပေါက်ရနိုင်တဲ့ စီးပွားရေးလုပ်ငန်းများကို စီစစ်ရွေးထုတ်ပြီး လုပ်ကိုင်သင့်ပါတယ်နော်။

၂၁ မျိုးလုံးကတော့ တနိုင်တပိုင်စနိုင်တယ်ဆိုပေမဲ့ ခေတ်အခြေအနေအရ တချို့ စီးပွားရေးတွေက နေရာဒေသနဲ့ အခြေအနေကို လိုက်ပြီး အလုပ်မဖြစ်နိုင်တာ ရှိတတ်ပါတယ်။

စီးပွားရေးတွေ ဒီရေအလားတိုးတက်ကောင်းမွန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

crd-