သင့်ကိုယ်သင် အထင်သေးလွန်းခြင်း သင်ဟာ တန်ဖိုးမရှိဘူးလို့ သင့်ကိုယ်သင် ခံစားနေရရင် ဖတ်ကြည့်ပေးပါ
ဘဝမှာ စွန့်လွှတ်သင့်သောအရာများ
၁ – သင့်ကိုယ်သင် အထင်သေးလွန်းခြင်း သင်ဟာ တန်ဖိုးမရှိဘူးလို့ သင့်ကိုယ်သင် ခံစားနေပါသလား။ တကယ်တော့ သင့်ရဲ့တန်ဖိုးဟာ သင့်ကိုယ်သင် ဘယ်နေရာမှာ ထားသလဲ ဆိုတာနဲ့မူတည် ပါတယ်။သင်ဟာ ဘယ်မှာမွေးတယ်၊ သင်ဘယ်က လာတယ် ဆိုတာတွေနဲ့မဆိုင်ပါဘူး။
သင်လုပ်နေတဲ့ အရာတွေက တန်ဖိုးရှိတဲ့ အရာတွေ ဆိုရင် သင်လည်းတန်ဖိုး ရှိပါ တယ်။ တန်းဖိုးမရှိတဲ့အရာတွေကို လုပ်နေသူ ဟာ တန်းဖိုးမဲ့နေ
တဲ့သူပါပဲ။ သင့်တန်ဖိုးကို သင်ကိုယ်တိုင် မြှင့်တင်လို့ ရသလို သူတစ်ပါးတွေရဲ့ တန်ဖိုးကိုပါ မြင့်တက် လာအောင် ကူညီပေးလို့ လဲရ ပါတယ်။
၂ – ပျော်ရွှင်ဖို့အတွက် ငွေကြေးကို သုံးစွဲခြင်း ပိုက်ဆံတွေ အကုန်အကျခံပြီး ပျော်ရွှင်မှုကို ရှာဖွေစရာမလိုပါဘူး။ ပျော်ရွှင်မှုဆိုတာ ကိုယ့်ဘေးမှာပဲ ရှိတာပါ။ လိုက်ရှာနေစရာ မလိုပါဘူး။
၃ – အတိတ်ထဲကနေ ရုန်းမထွက် နိုင်ခြင်း ပီးဆုံးသွားတဲ့ အတိတ်တွေကို သင့်စီရောက်အောင် ပြန်မခေါ်ချင်ပါနဲ့တော့။
အတိတ်မှာ သင်ဘာ ပဲဖြစ်ခဲ့ ပါစေ၊ ဘယ်လို အမှားတွေပဲ လုပ်မိ ပါစေ ပြန်တွေးပြီး စိတ်ဆင်းရဲခံနေမယ့်အစား လက်ရှိ ပစ္စုပ္ပန်မှာကောင်းအောင် နေကြည့်ပါ။
၄ – အတင်းအဖျင်းစကား ပြောခြင်း တစ်ခြားလူ တစ်ယောက်ရဲ့ မကောင်းကြောင်းကို သွားရေကျအောင် ထိုင်ပြောနေရတာကို သင်မရှက် ဘူးလား။
သင်ဟာ လူတစ်ယောက်ရဲ့ မကောင်းကြောင်း အတင်းစကားတွေ တစ်ခြား တစ်ယောက်ကို ပြောလိုက်မိ ရင် အဲ့ဒီ သင့်စကားကို နားထောင်နေသူကပါ သင့်ကိုကြောက်ရွံ့လာမယ်။ ရွံလာလိမ့် မယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မကောင်းကြောင်းကိုလည်း သင်က နောက်ထပ် လူတစ်ယောက် စီမှာ ပြန်ပြောနိုင်တာကြောင့်လေ။
ကြာလာရင်သူ တစ်ပါးရဲ့အားနည်းချက်ကို လှောင်ပြောင် အပုတ်ချတဲ့ သင့်ကို လူတွေက ရှောင်ဖယ်လာကြပါလိမ့်မယ်။သင်က ဘယ်သူ့မကောင်းကြောင်း ကိုမှ မပြောရင် သင့်မကောင်းကြောင်းကိုလည်း ဘယ်သူကမှ မပြောရဲ ပါဘူး။
၅ – စိတ်အားငယ်နေခြင်း ကိုယ်ဖြစ်ချင် တာတွေ ဖြစ်မလာတဲ့ အခါ၊ ကိုယ်လိုချင် တာတွေ ရမလာတဲ့အခါ၊ အားကိုးစရာ မရှိတဲ့အခါ၊ ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိတော့တဲ့အခါမျိုးတွေမှာ စိတ်အားငယ်တတ်ကြ ပါတယ်။
ဒါပေမယ့် အမြဲတမ်းတော့ အားငယ်နေလို့ မရပါဘူး။ ဘဝမှာ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေက ဖြစ်ချင်မှဖြစ်မယ်၊ ရချင်မှ ရမယ် ဆိုတာကို လက်ခံ ထားရ ပါမယ်။ ဘယ်သူကမှ သင့်ကို အရေးမလုပ်တော့တဲ့ အခါမျိုးတွေနဲ့လည်း ကြုံတွေ့ ရတတ် ပါတယ်။
သင်တစ်ယောက်တည်း အထီးကျန်စွာ နဲ့နေ့ရက် အချို့ကိုလည်း ဖြတ်ကျော် ရအုံးမှ ာပါ။ ဒီလို အခြေအနေမျိုးမှာ “ငါ့ဘဝကြီးက ဆိုးလိုက် တာ၊ ဘယ်သူမှ ငါ့ကို အဖတ်မလုပ် ကြတော့ပါလား၊ ငါလိုချင်တာတွေလည်း ရမလာ ပါလား” ဆိုပြီး ညည်းညူနေမယ့် အစား ဒါတွေကို လက်ခံပြီး ရှေ့ဆက် သွားပါ။
၆ – အဆိုးတွေကို လက်မခံ နိုင်ခြင်း ဘဝမှာ ကောင်းတာတွေကြည့်ပဲ လိုချင်လို့ မရပါဘူး။ စာမေးပွဲအောင်ချင်ရင် စာကျက် ရတဲ့ဒုက္ခကို လက်ခံရပါမယ်။ တောင်ထိပ်ကို ရောက်ချင်ရင် ကြမ်းတမ်းတဲ့ တောင်တက်ခရီးကို လက်ခံ ရပါ မယ်။
မအောင်မြင်ခင် ကျရှုံးမှုနဲ့ ကြုံတွေ့ ရမှာပါ။ ဘဝမှာ သင့်ဘဝ ထဲကို ဒုက္ခတွေ၊ အဆိုးတရားတွေ ဝင်ရောက်လာရင် ကျေကျေနပ်နပ်ကြီး လက်ခံဖို့ ပြင်ဆင် ထားပါ။ ဒုက္ခတွေ၊ အဆိုးတွေကို လက်ခံလာနိုင်တဲ့ တစ်နေ့ဟာ သင်အောင်မြင် လာတဲ့နေ့ပါပဲ။
၇ – စာဖတ်ရမှာကို ပျင်းနေခြင်း 2019မှာ ဘာပဲဖြစ် ခဲ့ပါစေ၊ 2020မှာ စာအုပ်တွေ ဖတ် နိုင်အောင် ကြိုးစားကြပါ။