“သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး”

Knowledge Lifestyle
Spread the love

“သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး”
ကိုယ့်ဘက်က ချစ်နိုင်သလောက် ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်မှန်းသိလို့ အနိုင်ယူပြီး ကိုယ့်အချစ်တွေကိုတန်ဖိုးမထားဘဲ ပစ်ချ ခဲ့တဲ့ သူမျိုးနဲ့ကြုံ ရတဲ့ အခါ ဒီအတွက် ပြိုလဲခံစားမနေပါနဲ့။

ကိုယ့်အချစ်တွေကို တန်ဖိုးမထား ခဲ့တဲ့ သူအတွက် ကိုယ့်ကိုယ်ကို ထိခိုက် မခံဘဲ သူတို့တွေနောင်တရသွားအောင် ဒီလို နည်းလေးတွေနဲ့ တုံ့ပြန် လိုက်ပါ။

(၁) ဂရုမစိုက္ပါနဲ့

ကိုယ်ချစ်တာတွေကို သူတန်ဖိုး မထားမှန်း သိပြီ ဆိုတာနဲ့ သူ့ကို တွယ်ကပ်နေ တာထက် ဂရုမစိုက်တာက ပိုကောင်းပါတယ်။

သူ့ရဲ့အပြုအမူတွေ၊ အချိုးတွေနဲ့ ပတ်သက်လို့ သင့်ဘက်က လုံးဝ ဂရုမစိုက် ဘူးဆိုတာ သူသိအောင် ပြသပါ။

ဒါမှ သင့်ရဲ့တန်ဖိုးကို သူ့ဘက်က နားလည် လာမှာပါ။

(၂) ဖုန်းခေါ်တာ၊မက်ဆေ့ ပို့တာတွေကို reply မလုပ်ပါနဲ့

သင့်အချစ်တွေကို တန်ဖိုးမထားတဲ့ သူ၊ သင့်ကို ဂရုမစိုက် တဲ့သူ၊ သင့်ကို နာကျင်စေတဲ့ သူကို သင့်ဘက်ကလည်း လစ်လျူရှု လိုက်ပါ။ သူဖုန်းခေါ်တာ၊ မက်ဆေ့ပို့ တာတွေကို reply မပြန်ပါနဲ့။ သင့်ကိုဆက်သွယ်ဖို့ကြိုးစားတာကို လက်မခံမိပါစေနဲ့။

(၃) သူမပါလည်း အဆင်ပြေတယ်ဆိုတာ သူသိပါစေ

သင့်အတွက်သူကမရှိမဖြစ် အရေးပါတဲ့ သူလို့ ထင်နေတာတွေ ရပ်သွားအောင် သူမပါလည်း သင်အဆင်ပြေတယ်ဆိုတာကို ပြလိုက် ပါ။ သူနဲ့မှ မဟုတ်ဘဲ သင်တစ်ယောက်တည်းလည်း အဆင်ပြေတယ် ဆိုတာ သူသိပါစေ။ ဒီလို သိစေတာက သူ့ကို တုန်လှုပ်စေ ပါတယ်။

(၄) သူဖြစ်စေချင်တာတွေမလုပ်ပါနဲ့

သူမရှိရင် သင်အဆင်မပြေဘူး၊ သင်မနေတတ်ဘူးလို့ ထင်နေတာကို ချိုးဖောက်ပြလိုက်ပါ။ သူဖြစ်စေချင်သလိုမျိုး၊ သူမရှိရင် သူ့ကို ရှာနေမယ်၊ သူ့ကို ဆက်သွယ်မယ် လို့ထင်နေ တာကို မဟုတ်ကြောင်းပြလိုက်ပါ။ သူမရှိတဲ့အချိန်မှာ သူ့ကိုမရှာပါနဲ့၊ သူဖြစ်စေချင်တာတွေမလုပ်မိပါစေနဲ့။

(၅) သူ့ထက်သာတဲ့ သူနဲ့ ချိန်းတွေ့ပါ

လူတွေရဲ့သဘောသဘာဝက ပြိုင်ဘက်မရှိရင် ဂရုမစိုက်တတ်ကြပါဘူး။ ဒါကြောင့် သူ့မှာ သူ့ထက်သာတဲ့ပြိုင်ဘက်ရှိတယ်ဆိုတာ သိအောင်ပြဖို့လိုပါတယ်။ သင့်ကိုတန်ဖိုးမထားခဲ့တာကိုနောင်တရသွားအောင် သူ့ထက်သာတဲ့သူနဲ့ချိန်းတွေ့ပါ။