သင့်နေအိမ်အား သူခိုး၊သူဝှက်တွေ ချဉ်းကပ်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် အကောင်းဆုံး အကာအကွယ်နည်းလမ်းကောင်း များ….

Knowledge
Spread the love

လူတိုင်းလူတိုင်းကတော့ မိမိပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို အလဟဿ ဆုံးရှုံးရမှာတော့ နှမြောတတ်ကြတာချည်းပါပဲ။ ဒါပေမဲ့ ရန်သူ မျိုးငါးပါးကြောင့် နေအိမ်တိုက်တာတွေ၊ ဥစ္စပစ္စည်းတွေ ဆုံးရှုံးသွား ခဲ့ကြရတဲ့ အခါမျိုးဆိုရင်လည်း ဖြစ်တတ်တဲ့သဘောနဲ့ စိတ်ဖြေတတ် ကြရတာပါပဲ။ ဒီရန်မျိုးငါးပါးဖျက်ဆီးခြင်းကို တားဆီးလို့မရနိုင်ပေ မယ့် ဒီငါးပါးထဲက တစ်ပါးရန်သူဖြစ်တဲ့ သူခိုး၊ သူဝှက်တွေရဲ့ ရန်က နေ မိမိနေအိမ်၊ တိုက်တာတွေကို ကာကွယ်ဖို့အတွက်ကတော့ မိမိ မှာ တာဝန်ရှိပါတယ်။အခုနောက်ပိုင်းမှာ တချို့သူခိုးတွေက အိမ် ထဲပစ္စည်းဝင်ရောက်ခိုးရုံတင်မကပဲ လူကိုပါအန္တရာယ်ပြုသွားတတ် ကြတာကြောင့် သိပ်ကိုထိတ်လန့်စရာကောင်းလာပါတယ်။

မိမိနေအိမ်အတွင်းသို့ ခိုးသူ၊ သူခိုးသူဝှက်တွေ အလွယ်တကူမဝင် ရောက်နိုင်အောင်၊ မိမိအိမ်အတွင်းကပစ္စည်း ဥစ္စာတွေအလွယ် တကူခိုးယူသွားလို့ မရအောင် ကာကွယ်တဲ့ နည်းလမ်းကိုတော့ အိမ်ပိုင်ရှင်တိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ အတားအဆီး အကာ အကွယ်တွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းတွေထဲက အထိရောက်ဆုံးနဲ့ အလုံခြုံဆုံးဖြစ်မယ့် နေအိမ်လုံခြုံရေး၊ အကာအ ကွယ်နည်းလမ်းကောင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ခြံဝင်းထဲမှာ ရှိနေတဲ့ ချုံပုတ်ထူထူ၊ အပင်၊ ပန်းပင်ရှည်ရှည် တွေကို ရှင်းလင်းလိုက်ပါ။ ခြံဝင်းထဲနဲ့ခြံဝင်းအပြင်ဘက်မှာ မြက်ပင်၊ အလှပန်းပင်နဲ့ အပင်ကြီးအပင်တွေလောက်သာ စိုက်ပျိုးထားပြီး ကျန်တဲ့ ချုံပုတ်လို ဖြစ်နေတဲ့ အပင်အုပ်အုပ်ထူထူတွေကို ခုတ်ပစ် လိုက်တာတို့ ပြုလုပ် လိုက်တာ။ မဟုတ်ရင် ဒီချုံပုတ်အပင်တွေက ခိုးသူနဲ့ မိမိအိမ်နားကို ကပ်ဝင်ရောက်လာမယ့် မသာမသူတွေအတွက် အကာအကွယ်တွေ ရသွားနိုင်ပါတယ်။

၂။ ခြံဝင်းတံခါး၊ ဒါမှမဟုတ် အိမ်ရှေ့အဝင်တံခါးဝမှာ “ သတိ ခွေး ကိုက်တတ်သည်” ဆိုတဲ့ သတိပေးဆိုင်းပုဒ်ကို ချိတ်ဆွဲထားပါ။ ဒါက သိပ်ကိုထိရောက်ပြီး အကာအကွယ်ကောင်းတဲ့ နည်းလမ်းတစ်ခုပါ ပဲ။ အကယ်၍ သင့်အိမ်မှာ ဒီလိုကိုက်ဟောင်မယ့် ခွေးမရှိရင်တောင် မှ ဒီဆိုင်းပုဒ်ကို အယောင်ဆောင် အဟန့်တစ်ခုအနေနဲ့ ထားလိုက် ပါ။ ဒီသတိပေးဆိုင်းပုဒ်ကို မြင်တာနဲ့တင် သင့်အိမ်ကိုဘယ်သူကမှ အနားလာကပ်ရဲမှာတောင် မဟုတ်ပါဘူး။

၃။ တကယ့်ကို ခြံလုံ၊ အိမ်လုံပြီး အစောင့်အဖော်ရတဲ့ ခွေးလိမ္မာ လေးတစ်ကောင် မွေးထား လိုက်ခြင်းကလည်း ညဘက်အချိန်တွေနဲ့ အိမ်သူအိမ်သားတွေ မရှိတဲ့အချိန်တွေမှာ သင့်အိမ်အနား သူစိမ်း မသမာတွေ ဝင်ရောက်ခြင်းနဲ့ ချဉ်းကပ်လာခြင်းတွေကို အကောင်းဆုံး အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ ညဘက်နဲ့ လူခြေတိတ်ချိန်တွေ မှာ လှုပ်ရှားကြတဲ့ သူခိုးတွေရဲ့လှုပ်ရှားမှုတိုင်းကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံးအနံ့ခံပြီး ရန်မူစွတ်ထိုးဟောင်မှုကြောင့်ပဲ သူခိုးနဲ့ လူစိမ်းတွေ သင့်အိမ်နားကနေ အမြန်ဆုံးထွက်ခွာထွက်ပြေးသွားရ ပါလိမ့်မယ်။

၄။ သင့်အိမ်ရှေ့က စာတိုက်ပုံး၊ သတင်းစာထည့်တဲ့ပုံးနဲ့ တခြား အခွန်၊ လက်ဆောင်နဲ့ အကြောင်းကြားစာ၊ စာရွက်စာတမ်းများ ထည့်စရာပုံးတွေမှာ ပစ္စည်းတွေမစုပြုံမိပါစေနဲ့။ သတင်းစာအမှာ ယူထားတာတွေ၊ အခွန်စာရွက်တွေနဲ့ အကြောင်းအကြားစာတွေ အများကြီးကို သင်မသိမ်းဆည်းထားဘူးဆိုရင် သင့်အိမ်မှာ လူမရှိ ဘူးလို့ မှတ်ယူကာအိမ်ထဲကို ဝင်ရောက်ဖို့ကြိုးစားပါလိမ့်မယ်။

အကယ်၍များ သင့်အိမ်ကိုလူမရှိလို့ဝင်ခဲ့တဲ့ အချိန်မျိုးမှာ သင်တစ် ယောက်တည်း အိမ်မှာရှိနေခိုက်ဆိုရင် အရမ်းကိုအန္တရာယ်များပါ တယ်။ တချို့လက်ရဲနေတဲ့ မသမာသူ၊ သူခိုးတွေက ပစ္စည်းကိုခိုး ဝှက်လို့ မရရင်လူကိုပါ အန္တရာယ်ပြုသွားနိုင်တာကြောင့်ပါပဲ။

၅။ ပြတင်းတံခါးတွေကို လူမရှိခိုက် ပိတ်ထားခဲ့ဖို့ မမေ့ပါနဲ့။ များ သောအားဖြင့် နေအိမ်ဖောက်ထွင်းသူတော်တော်များများက အိမ် တံခါးမနဲ့ နောက်ဘက်အပေါက်တွေက ဝင်ရောက်တာထက်စာရင် ပြတင်းဘေးတံခါးတွေက ဝင်ရောက်ခြင်းက ပိုမိုလွယ်ကူတာကြောင့် ပါပဲ။ ဒါ့ကြောင့်မို့လို့ ပြတင်းတံခါးပေါက်တွေမှာဆိုရင် အရံအတား အကာအကွယ်ဖြစ်စေမယ့် သံတိုင်တွေတပ်ဆင်တာတို့၊ ပြတင်းနား ချဉ်းကပ်လာမယ့်နေရာတစ်ဝိုက်မှာ သံဆူးကြိုးခွေတွေ တပ်ဆင် ထားတာတို့ ဆူးပင်၊ ချုံပင်တွေနဲ့ ဝင်ရောက်ဖို့ခက်ခဲတဲ့ အပင်တွေ စိုက်ပျိုးတာမျိုးတွေ ပြုလုပ်ထားသင့်ပါတယ်။

၆။ နေအိမ်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ညဘက်အခါမျိုးတွေ မီးအလင်း ရောင်ပိုမို အသုံးပြုပါ။ တတ်နိုင်ရင် အိမ်နဲ့အနီးတစ်ဝိုက်မှာ အလင်း ရောင်ကောင်းကောင်း ထားရှိခြင်းက လူစိမ်းနဲ့ သူခိုးတွေမချဉ်းကပ် လာနိုင်အောင် အဟန့်အတားလုပ်ထားခြင်း ဖြစ်ပါတယ်။ အလင်း ရောင်ကောင်းကောင်းကြောင့် သူတို့တွေ ခိုးဝှက်လှုပ်ရှားခြင်းတွေကို ကာကွယ်ထားလို့ မရနိုင်လို့ပါပဲ။

၇။ မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ ရန်သူကိုခုခံဖို့အတွက် လက်နက်နဲ့ အသုံးအဆောင်တွေကို အမြဲလိုလိုဆောင်ထားပါ။ မိသားစုဝင်တွေ အားလုံး သတိထားမိကြမယ့် နေရာတွေ၊ သိတဲ့နေရာတွေမှာ တုတ် ကောင်းကောင်းတို့၊ သံတုတ်၊ လက်နက်အစရှိသဖြင့် ရန်သူကို ခုခံဖို့၊ ဖမ်းဆီးဖို့အတွက် ပစ္စည်းတွေကိုအလွယ်တကူ ယူနိုင်တဲ့နေရာတွေ မှာထားပြီး အရေးပေါ်ကြုံလာတဲ့အခါ သုံးစွဲပါ။