သင့်အချစ်ရေးကို အမှန်ဆုံးသိရှိနိုင်ဖို့ အပျော်ရွှင်ဆုံးလို့ သင်ထင်တဲ့ ပုံတစ်ပုံကိုရွေးပြီး အဖြေကို ဖတ်ကြည့်လိုက်ပါ

Lifestyle
Spread the love

သင့်အချစ်ရေးကို အမှန်ဆုံးသိရှိနိုင်ဖို့ အပျော်ရွှင်ဆုံးလို့ သင်ထင်တဲ့ ပုံတစ်ပုံကိုရွေးပြီး အဖြေကို ဖတ်ကြည့်လိုက်ပါ

အပေါ်မှာ ပြောထားသလိုပါပဲ ပြထားတဲ့ ပုံလေး ၃ ပုံမှာ သင့်အနေနဲ့ အပျော်ရွှင်ဆုံးဖြစ်မယ်လို့ ထင်တဲ့ စုံတွဲတစ်တွဲပုံကို ရွေးချယ်လိုက်ပါ ပြီးရင်ရင် ရွေးထားတဲ့ နံပါတ်အတိုင်း အောက်ပါစာကို ဖတ်ကြည့်ပါ ၊ သင့်အချစ်ရေးနဲ့ မှန်လားမှားလား တိုက်ဆိုင်လား ပြောသွားပါနော် ။

သင်က ပုံ (၁) ကို ရွေးခဲ့ရရင်

သင်ရွေးချယ်တဲ့ နံပါတ် (၁) ပုံက ပြောပြနေတာကတော့ သင့်အချစ်ရေးကတော့ များသောအားဖြင့် အေးဆေးတည်ငြိမ်တဲ့ အချစ်မျိုးပါ။ သင့်ချစ်သူနဲ့ဓာတ်ပုံတွေ၊ သင့်အချစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Social Media တွေပေါ်မှာ လူသိရှင်ကြားချပြနေစရာမလိုဘူး ဆိုတဲ့အတွေးမျိုးရှိပြီး စိတ်ထားချင်းလည်း တိုက်ဆိုင်နေတတ်တာကြောင့် ကြီးကြီးမားမား ပြဿနာမရှိနိုင်တဲ့ အချစ်ရေးမျိုး ကြုဲရတတ်ပါတယ် ။ သင်ဟာ Social Media ပေါ်မှာ လူအများရဲ့အာရုံစိုက်မှုကို ရဖို့ကြွားနေရဖို့ထက် လက်တွေ့ဘဝမှာ ချစ်သူနဲ့ အေးဆေး ပျော်ရွှင်စွာ လက်တွေ့ကျကျ ချစ်ရတာကို ကြိုက်နှစ်သက်သူပါတယ်။

 

သင်ဟာ ပုံ (၂) ကို ရွေးခဲ့ရင်

သင်ဟာ သင့်ရဲ့ခံစားချက်တွေကို လူသိရှင်ကြားထုတ်ပြတတ်ပါပြီး သင့်ခံစားချက်ကို ဘယ်သူ့ကိုမဆို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်တဲ့ ပွင့်လင်းမြင်သာသူပါ ။ ဒါကြောင့် သင်သတိထားရမယ့်အရာတစ်ခုကတော့ လူ့အသိုင်းအ၀ိုင်းမှာ မထင်မှတ်ပဲ အထင်မြင်လွဲမှားတာ အမြင်မှားခံရတာ ကြုံရတတ်ပါတယ်။ တကယ်က သင့်ချစ်သူဘယ်သူဘယ်ဝါ သင်တို့ပြဿနာ အဝဝကို သူများကိုပြောပြနေစရာမလိုပါဘူး
ပွင့်လင်းလွန်းတာကြောင့် စနိုက်ကြော်ပြဿနာတွေ စိတ်ညစ်စရာတွေ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

 

သင်ဟာ ပုံ(၃) ကို ရွေးခဲ့ရင်

သင်နဲ့သင့်ချစ်သူနှစ်ယောက်လုံးဟာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်သမားတွေပါ တစ်ယောက်ကို တစ်ယောက်ယုံကြည်ကြသလို တစ်ပါးသူရဲ့အမြင်တွေဟာ
သင်တို့အတွက် အရေးမကြီးပဲဲ သင်တို့နှစ်ယောက် ဘယ်လောက်ကြည်နူးနေရလဲ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်နေကြလဲဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ကြော်ငြာနေမှာမဟုတ်ပဲ သင်တို့လိပ် ပြာလုံလုံ ပျော်ရွှင်ရတတ်ပါတယ်။ သူး
သင်ကိုယ်တိုင် လက်ရှိနဲ့အနာဂတ်ကိုပဲ စိတ်ဝင်စားတဲ့အတွက် လုပ်စရာရှိတာ လုပ်နေတဲ့အတွက် ဘေးလူအတွက် အချိန်ကုန်မခံပဲ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ တကယ့်ကို ပျော်ရွှင်ပြီး စံနမူနာယူထိုက်တဲ့ အချစ်ရေးမျိုးပါပဲ။