သင့်အမည်ပေါက် အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့လျင်

Knowledge
Spread the love

သင့် အမည်ပေါက် အခွန်ဆောင်ထားသော ကား ပြန်ရောင်းဖြစ်ခဲ့လျင် သိထားရမည့် အချက်များ ကို ဖော်ပြပေးလိုက်ပါတယ်နော်။

1။ ကားပြန်ရောင်းတာနဲ့ အခွန်ရုံးကို သတင်းပို့ဖို့ပြင်ပါ။

2။ အခွန်စိမ်းကို ဝယ်သူ ကို မပေးလိုက်ပါနဲ့။ (အခွန်ရုံးကို ပြရမှာ မို့)

3။ စာချုပ် ချုပ်ထားပါ။ (အခွန်ရုံးကို ပြရမှာမို့)

4။ ကားအုံနာဘုတ် နဲ့ စာရွက်စာတမ်း တွေကို မိတ္တူ ၃ စုံ ကူးထားပါ။ (အခွန်ရုံးကို ပြရမှာမို့)

5။ ကားဓာတ်ပုံရှေ့နောက်ဝဲ ဓာတ်ပုံရိုက်ထားပီးထုတ်ထားပါ။ (အခွန်ရုံးကို ပြရမှာ မို့)

6။ အားလုံးစုံလျင် အခွန်ရုံး သွားပီး ရောင်းချပြီးကြောင်း သွား တင်ပြပါ။ အခွန်ရုံးမှ ဝင(၈) အခွန်လွတ် စာရွက် ထုတ်ပေး ပါလိမ့်မယ်။

7။ နောက်ကားတစ်စီး ဝယ်လျင် အခွန်ရုံးမှ ထုတ်ထားသော ဝင(၈) အား ပြလိုက်လျင် အခွန် မပေးဆောင်ရတော့ဘဲ မိမိ အမည်သို့ အလွယ်တစ်ကူ ပြောင်းလို့ ရပါမည်။

8။ ကားဈေး အတက် အကျ ကြောင့် တန်ဘိုးဖြတ် နှုန်းထား တိုးလာလျင် မြတ်စွန်းခဲ့ပါက အမြတ်ခွန် ပေးဆောင် ရပါမည်။

9။ ငွေဖြူ ထုတ်ရာတွင် အဆင်မပြေမှု့၊ ခက်ခဲမှု့ ရှိပါက ပြည်တွင်းအခွန် (ရုံးချုပ်) နေပြည်တော်သို့ တိုက်ရိုက် တိုင်ကြားပါ။

10။ ပြီးခဲ့တဲ့နှစ်က သိန်းတစ်ရာတန် ကားကို (3)သိန်းနဲ့ အခွန် ဆောင်ထားတဲ့ အမျိုးတွေ ကားရောင်းပီးရင် အထက်ပါ ကျွန်တော် ပြောတာတွေ့ လုပ်ဖို့ မမေ့ ကြပါနဲ့

ဒါမှ နောက်ထပ် သိန်းတစ်ရာတန်ကား ဝယ်မိလို့ မိမိအမည် ပြောင်းချိန် မှာ အခွန် (15)သိန်း မဆောင်ရမှာ ဖြစ်ပါကြောင်း…။ ဗဟုသုတ အဖြစ် ပြန်လည် မျှဝေပေးလိုက်ပါသည်။

မူရင်း ရေးသားသူ အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply