သင့် ခန္ဓာကိုယ်ပေါ်က မှဲ့တွေကနေ ပြောပြနေတဲ့ သင့်အကြောင်း

Knowledge
Spread the love

မှဲ့လေးတွေဟာ သင့်ခန္ဓာကိုယ်အနှံ့မှာ ရှိနေတတ်ပါတယ် ။ ဒီမှည့်လေးတွေက သင့်ရဲ့အကြောင်းကို ဖော်ပြပေးနေတယ်လို့ ဆိုပါတယ် ။ တကယ်မှန်လား မမှန်လား ဆိုတာကတော့ ခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး ။

(၁) လက်ဖဝါးပေါ်ကမှဲ့

ဒီမှည့်လေးက ဘယ်လက်နဲ့ ညာလက်ပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ် ။ သင့်ရဲ့ ဘယ်ဖက်လက်ဖဝါးမှာ ရှိနေရင်တော့ သင်ဟာ ငွေစုမိဖို့ ခက်ခဲတဲ့သူ တစ်ယောက်ဖြစ်ပြီး

ညာလက်မှာရှိရင်တော့ သင်ဟာ အတွက်အချက် ၊ အတွေးအခေါ် ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ် ။

(၂) နဖူးပေါ်ကမှဲ့

နှဖူးပေါ်ကမှည့်ကတော့ သင်ရဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖော်ပြနေပါတယ် ။ သင်ဟာ တက်ကြွဖျတ်လတ်သူ တစ်ယောက်ဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်သူ တစ်ဦးပါ ။ သင့်မှာ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိပါတယ် ။

(၃) နှာခေါင်းပေါ်ကမှဲ့

နှာခေါင်းပေါ်ကမှည့်ကတော့ သိပ်ပြီးမကောင်းပါဘူး ။ သူတို့ဟာ မြှူဆွယ်တတ်တဲ့ သဘောသဘာဝကို ပိုင်ဆိုင်ထားပြီး လောင်းကစားကို ခုံမင်ကြပါတယ် ။

(၄) ပါးပြင်ပေါ်ကမှဲ့

သင့်ရဲ့ ညာဖက်ပါးပြင်မှာမှဲ့ရှိရင်တော့ သင်ဟာ ထိရှလွယ်သူ တစ်ယောက်ဖြစ်ပြီး ၊ မိဘကိုလည်း အရမ်းသိတတ်သူပါ ။ ဘယ်ဖက်ပါးပြင်ပေါ်မှာ ရှိရင်တော့

သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းသလို ၊ သူငယ်ချင်းသစ်ဖွဲ့ရမှာလည်း သင့်အတွက် ခက်ခဲပါတယ် ။

(၅) နားရွက်ပေါ်ကမှဲ့

သင့်ရဲ့နားရွက်မှာ မှဲ့ရှိရင်သင်ဟာ ထူးခြားတဲ့ ပင်ကိုစွမ်းရည်တွေကို ပိုင်ဆိုင်ထားရုံသာမက ဉာဏ်ပညာလည်း ထက်မြက်သူ တစ်ယောက်ပါ ။ ဒီလိုလူမျိုးတွေဟာ ချမ်းသာစည်းစိမ်တွေ အပြည့်နဲ့ နေထိုင်ရမှာပါ ။

တကယ်လို့သင့်မှဲ့ဟာ နားရွက်ရဲ့ အနောက်ဖက်မှာဆိုရင်တော့ သင်ဟာ ရှေးရိုးစွဲတစ်ယောက်ပါ ။

(၆) နှုတ်ခမ်းကမှဲ့

နှုတ်ခမ်းအပေါ်ဖက်မှာ မှဲ့ရှိရင် သင်ဟာ စကားဖောင်ဖွဲ့ရတာနဲ့ အတင်းအဖျင်းတွေပြောရတာ ကြိုက်နှစ်သက်သူပါ ။ သင့်မှဲ့က နှုတ်ခမ်းအောက်ဖက်မှာ ရှိရင်တော့ သင်ဟာ အစားအသောက်ကောင်းတွေကို ခုံမင်နှစ်သက်သူပါ ။

မေးစေ့မှာမှဲ့ရှိရင်တော့ သင်ဟာ နည်းစနစ်ကျကျတွေး ခေါ်တတ်သူဖြစ်ပြီး နိုင်ငံရေး အမြင်ရှိသူ တစ်ဦးပါ ။

(၇) ခြေဖဝါးကမှဲ့

သင့်ရဲ့ခြေဖဝါးမှာ မှဲ့ရှိရင်တော့သင်ဟာ ခရီးသွားရတာကို အထူးကြိုက်နှစ်သက်သူဖြစ်ပြီး ကမ္ဘာအနှံ့ ရောက်ဖူးချင်တဲ့သူ ဖြစ်ပါတယ် ။

(၈) ရင်ဘတ်ပေါ်ကမှဲ့

ရင်ဘတ်ပေါ်မှာ မှည့်ရှိရင်တော့ သင်ဟာ ပျော်စရာတွေနဲ့ ဟာသတွေကို အထူးနှစ်သက်ပြီး ဇိမ်ကျကျနေချင်သူ တစ်ဦးပါ ။ အပျင်းလည်း ကြီးပါတယ် ။

(၉) တံတောင်ဆစ်နဲ့ လက်ဖျံပေါ်ကမှဲ့

တံတောင်ဆစ်နဲ့ လက်ဖျံမှာ မှည့်ရှိရင်တော့ သင်ဟာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်တဲ့သူ တစ်ယောက်ပါ ။ သူတစ်ပါးရဲ့ မှီခိုအားထားခြင်းကိုလည်း ခံရမယ့်သူပါ ။

(၁၀) ပုခုံးပေါ်ကမှဲ့

ပုခုံးပေါ်မှာ မှည့်ရှိရင်တော့ သင်ဟာလက်တွေ့သမား ဖြစ်ပါတယ် ။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ခင်ဖို့ကောင်းတဲ့သူပါ ။

(၁၁) လည်ပင်းကမှဲ့

လည်ပင်း အနောက်ဖက်မှာ မှဲ့ရှိရင်တော့ သင်ဟာ သာမန်ဘဝနဲ့ ရိုးရှင်းစွာ နေရမယ့်သူပါ ။ လည်ပင်းအရှေ့ဖက်မှာ မှဲ့ရှိရင်တော့ သင်ဟာ လူမှုဆက်ဆံရေး ကောင်းတဲ့သူ တစ်ယောက်ဖြစ်ပြီး ကံကောင်းခြင်းတွေ ကြုံရမှာပါ ။