သင်တို့အတွက် ဗဟုသုတအကြီးကြီးရစေမယ့် ပိတုန်းနဲ့ဆင် ဥပမာ

Knowledge
Spread the love

သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်း ဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။

ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။

သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။

ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။

သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။

နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။

တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။

ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။

ဘာလို့သူတို့အဲလိုထင်လဲဆိုတော့ ဆင်တွေကို ငယ်စဉ်ကတည်းက ခိုင်ခံတဲ့ကြိုးနဲ့ ချည်နှောင်ထားပါတယ်တဲ့။

သူတို့ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။ အဲဒီလို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ အတွက် ဆင်တွေကြီးလာလို့

ခွန်အားနဲ့ ပြည့်စုံချိန်မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မဟုတ်ပါဘူးလို့ ယုံကြည်ပြီး ရုန်းမကြည့်တော့တာပါတဲ့။

ဒီတိရိစ္ဆာန် နှစ်မျိုးက ဘာတွေ သင်ယူနိုင်မလဲဆိုတော့ ပိတုန်းလို သဘာဝတရားကြီးက ကန့်သတ်ထားတာတောင်

ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတယ်။ ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့ အတွက် မလုပ်ကြည့်တော့ပါဘူးတဲ့။

တကယ်တော့ ကျနော်တို့တွေမှာ ပိတုန်းလိုလူတွေလဲရှိပါတယ်။ ဒါကြောင့် ရိုက်ညီနောင်တို့လို လေယာဉ်ပျံ တီထွင်တဲ့သူတွေ။

မီးလုံးတီထွင်တဲ့ အက်ဒီဆင်တို့လိုသူတွေ။ ဂရေဟမ်ဘဲလ်လို တယ်လီဖုန်းထွင်တဲ့သူတွေလို မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့ သူတွေဖြစ်လာတာပါ။

ဆင်လိုမျိုး အရည်အချင်းတွေရှိတယ် ဒါပေ့မယ် မလုပ်ကြည့်တဲ့အတွက် မလုပ်နိုင်ဘူးထင်တဲ့သူတွေလည်းရှိပါတယ်။

ဒါကြောင့်ဒီနေ့လို နှစ်သစ်မှာ ဒီနှစ်သစ်အတွက်ရည်မှန်းချက်အသစ်တွေချပါ ကြိုးစား အကောင်အထည်ဖော်ပါ။

ပိတုန်းတွေလို တိရိစ္ဆာန်ကတောင် သဘာဝတရားက ကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင်

ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်မှန်းချက်တွေ ဘာကြောင့် ကြိုးစားအကောင်အထည် မဖော်နိုင်ရမှာလဲဗျာ….။

ဒီနှစ်သစ်မှာ သူငယ်ချင်းတို့ရဲ့ ရည်မှန်းချက်တွေ တလုံးတဝတည်း ပြည့်ဝ ကြပါစေဗျာ.. 😊🙏🏻

🙏🏻🙏🏻

#ရဲမင်း

Credit:တောသားလေးရဲ့ စာပေရွာ