သင်မသိတဲ့ သင့်ဘဝကို သတ်နေတဲ့ အရာ
မတ်စွာဘုရားရဲ့ ဓမ္မ နိကာယ်ကျမ်း လေ့လာဖူးသူတို့ သိပါလိမ့်မယ်။ မိမိတို့ ဆွေမျိုးယုတ် ဆွေမျိုးညံ့မှာ ထွန်းကား ပေါက်ဖွားရခြင်းရဲ့ အကြောင်းက မာန ဖြစ်ကြောင်း ဟောထား ပါတယ်။ ဟုတ်ပါတယ်။ သင်မသိတဲ့ သင့်ဘဝကို သတ်နေသူက မာန ဖြစ်ပါတယ်။
မာန ဆိုတာ လောဘလည်း မဟုတ်၊ ဒေါသလည်း မဟုတ်၊ မာန်ဝင်ခြင်း လို့ ခေါ်တဲ့ ငါ့ကို ဘာများမှတ်နေလို့၊ ငါ့ကို ဘယ်လို မလေးမစား ဆက်ဆံတာလည်း အစရှိတဲ့ မခန့်ခြင်း၊ မာန်ဖီခြင်းတို့က မာန ဖြစ်ပါတယ်။ သူဟာ လောဘ၊ ဒေါသ၊ မောဟ တို့နဲ့ ရောပြွမ်းနေတဲ့ စိတ်တစ်မျိုးပါပဲ။ လိုချင်တပ်မက်မှာ၊ ဒေါသထွက်မှ အကုသိုလ်လို့ အများစုက ထင်နေကြ ပါတယ်။ တကယ်တော့ မာနကြီးခြင်းဟာလည်း အကုသိုလ် ဆယ်ပါး ထဲက တစ်ပါး ပါပဲ။ သူ့ရဲ့ အကျိုးဆက်ကတော့ ယုတ်ညံ့တဲ့ သန္ဓေမှာ ပြန်လည် ပေါက်ဖွား တတ်ပါတယ်။
ငွေစည်းစိမ်ကြောင့် မာန တက်ခြင်း၊ ပညာအရည်အချင်းကြောင့် မာန တက်ခြင်း၊ ငါက ရိုးသားတယ်ကွ၊ ဆင်းရဲတယ်ကွ ဆိုပြီးတော့ မာနတက်ခြင်း အစရှိသဖြင့် ဘယ် မာနမှ မကောင်းပါဘူး။ ဒါကို ရှောင်ရှားလို့ အထူးသတိထားရန် လိုအပ် ပါတယ်။ တစ်ဖက် ပြောလိုက်တဲ့ စကားတိုင်းကို လိုက်လံအကဲခတ်လို့ ငါ့ကို စော်ကားနေပါလားလို့ တွေးနေရင် သင်ဒီဘဝမှာ နေလို့ ပျော်တော့မှာ မဟုတ်ပါဘူး။ ယောနိသော မနသိကာရဆိုတဲ့ စိတ်ကလေး သွင်းလို့ နေ့ရော၊ ညရော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတို့ကို ဆီလျော်သလို ပွားပေး နေရင် မိမိလည်းချမ်းသာ သူတစ်ပါးလည်း ချမ်းသာ ပါလိမ့်မယ်။