သင်အလိုချင်ဆုံး လက်ဆောင်ပစ္စည်းကပြောပြမယ့် သင်လိုချင်နေတဲ့ချစ်သူပုံစံ ဖတ်ကြည့်လိုက်တော့

Knowledge Lifestyle
Spread the love

(၁) ရေမွှေးလက်ဆောင်

သင်က သန်မာပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် သင်လိုချင်နေတဲ့ ချစ်သူပုံစံက သင့်ရဲ့ထူးခြားချက်တွေကို လက်ခံနားလည်ပေးနိုင်ရမယ့်အပြင် သင်နဲ့အတူရင်ဘောင်တန်းပြီး အရာရာကို လုပ်ဆောင်တတ်တဲ့သူမျိုးပါ။ ဒါကြောင့် ပျော့ညံ့ပြီး အားငယ်တတ်တဲ့ယောက်ျားမျိုးနဲ့ လုံးဝအဆင်မပြေနိုင်ပါဘူး။ ပြောရရင် မိန်းမတစ်ယောက်က အရမ်းထက်မြက်နေရင် တစ်ချို့ယောက်ျားတွေက သည်းမခံနိုင်ကြဘူးလေ။ ယောက်ျားဆိုတဲ့အမျိုးက သူတို့ကို အရမ်းအားကိုးစေချင်ပြီး ကာကွယ်ပေးချင်တတ်ကြတော့ ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုးတက်တဲ့ အမျိုးသမီးမျိုးနဲ့ ရေရှည်သိပ်အဆင်မပြေကြတာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် သင်ဟာ ပျော့ညံ့နေတဲ့ယောကျာ်းမျိုးကို အလိုမရှိပဲ ဘဝရဲ့စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး သင့်အပေါ်နားလည်ပေးတက်တဲ့ယောကျာ်းမျိုးကို လိုချင်ပါတယ်။

 

(၂) ချောကလက်ဘူး

ချောကလက်ဘူးကတော့ ချစ်ခြင်းမေတ္တာတွေကို ဖော်ညွှန်းနေတဲ့ လက်ဆောင်တစ်မျိုးပါ။ သင်လိုချင်နေတဲ့ ချစ်သူပုံစံက သင့်ကိုအရမ်းချစ်ပြီး ဂရုစိုက်မှုတွေနဲ့ လုံခြုံမှုတွေပေးနိုင်မယ့် ချစ်သူမျိုးပါ။

(၃) ပန်းစီး

သင်လိုချင်နေတဲ့ချစ်သူပုံစံက သင်နဲ့အမှတ်တရရှိခဲ့တဲ့ အထူးနေ့ရက်တွေကို သတိရပြီး ဂရုတစိုက် ရိုမန်တစ်ဆန်တဲ့ အပြုအမူလေးတွေနဲ့ လက်ဆောင်တွေ ပေးတက်တဲ့သူမျိုးပါ။ ဒါ့အပြင် သင်နဲ့အတူ ခရီးတွေထွက်ပြီး စွန့်စားမှုတွေ၊ အတွေ့အကြုံသစ်တွေကိုပါ ဖန်တီးပေးနိုင်ရပါမယ်။

(၄) လက်ဝက်လက်စား

သင်လိုချင်နေတဲ့ချစ်သူပုံစံက သင်နဲ့အတူ စိတ်တူကိုယ်တူရှိတဲ့ ချစ်သူမျိုးပါ။ ဘဝလောကဒဏ်တွေကို သင်နဲ့အတူတူ ရင်ဆိုင်ဖြေရှင်းချင်စိတ်ရှိပြီး နှစ်ယောက်အတူတူ ပျော်စရာအချိန်လေးတွေ ရရှိဖို့ကြိုးစားနိုင်ရမှာ ဖြစ်ပြီး သင့်ကိုမင်းသမီးတစ်ပါးလို တန်ဖိုးထားပြီး ဆက်ဆံနိုင်ရပါမယ်။

(၅) ဖက်ရှင်ပစ္စည်း

သင်လိုချင်နေတဲ့ချစ်သူပုံစံက ခေတ်မှီစွာပြောဆိုနေထိုင်တက်ပြီး စကားပြောကောင်းတဲ့ ချစ်သူမျိုးပါ။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ဆုံးဖြတ်ထားတဲ့အရာတစ်ခုကို ဆုံးဖြတ်ချက်မပြောင်းလဲပဲ ရဲရဲဝံ့ဝံ့အဆုံးထိ တာဝန်ယူရဲတဲ့စိတ်ဓာတ်တွေ ရှိရပါမယ်။