သင်အိပ်ပျော် ရင် ဟောက်တတ် ပါသလား ဒါဆိုရင် ဒီလို စမ်းကြည့်ပါ သက်သာ ပါလိမ့်မယ်

Knowledge Lifestyle
Spread the love

အိပ်ရင် ဟောက်တတ်တဲ့ သူတွေကို အနားမှာ ထား မအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားပြီး တစ်ညလုံး မအိပ်နိုင်ဘဲနဲ့ လူးလိမ့်နေရရော။

ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ခုပြောပြ တဲ့ နည်းတွေ နဲ့ သူ့ဟောက်တာကို ပျောက်အောင် လုပ်ရင်လုပ်။ မလုပ်ရင်တော့ အိပ်ရေးပျက်မှာက ကိုယ်ပဲ ဖြစ်နေလိမ့်မယ်။

ဟောက်တတ်တဲ့သူတွေ မဟောက်အောင် ဘယ်လို လုပ်လို့ရလဲ ။ ။

၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီး အိပ်ပါ။ ။

ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနား ကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။

ဒါကြောင့် စစချင်းအိပ်တဲ့ အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။

ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက် မှာ ဖက်လုံး ခံအိပ်ရင်လည်း ဘေးကို စောင်းနေတတ်လို့ ဟောက်တာ သက်သာပါလိမ့်မယ်။

၂ ။ ကိုယ်အလေးချိန် လျှော့ချပါ။ ။

ဝတတ်တဲ့သူတွေဟာ ပိန်တဲ့သူတွေ ထက်စာရင် ပိုဟောက်တတ်ကြပါတယ်။ ကိုယ်အလေးချိန်တက်လာလို့ လည်ပင်းမှာ များလာတဲ့ အဆီတွေကြောင့် လေဝင်ပေါက်ကျဉ်းသွာပြီး ဟောက်တတ်ကြပါတယ်။

ဝတဲ့သူ တွေက ဟောက်တတ်တယ် ဆိုပေမယ့်လည်း ပိန်တဲ့သူတွေက လုံးဝ မဟောက်ဘူးလို့တော့ မဆိုလိုပါဘူး။

ကိုယ်က ပိန်တုန်းက မဟောက်တတ်ဘဲ ဝတော့မှာ ဟောက်တတ်လာတယ် ဆိုရင်တော့ ကိုယ်အလေးချိန် လျှော့ချလိုက်တာနဲ့ ဟောက်တာ ကို သက်သာစေမှာပါ။

၃ ။ အရက် ဖြတ်ပါ။

အရက်တို့၊ အိပ်ဆေးတို့ဆိုတာ သင့်လည်ပင်းတစ်ဝိုက်နဲ့ အာခေါင်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် သင့်ကို ပိုပြီး ဟောက်စေတတ် ပါတယ်။

အိပ်ရာမဝင်ခင် ၄ နာရီ ၅နာရီ လောက် အလိုတည်းက အရက် သောက်ထားရင် အိပ်တဲ့အချိန်မှာ ဟောက်တာပိုဆိုးတတ်ပါတယ်။

ဒါပေမယ့် နဂိုတည်းက မဟောက်တတ်တဲ့သူတွေ ကတော့ အရက်သောက်ပြီးလည်း ဟောက်တာမျိုး မဖြစ်တတ်ပါဘူး။

၄ ။ အိပ်ချိန်မှန် ပါစေ။ ။

အိပ်ချိန်လုံလောက်အောင် မအိပ်ဘဲ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားတဲ့သူတွေ အိပ်ရင်ကြွက်သားတွေ ပိုပြီး ပျော့ဖတ်နေတတ်တာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားပိတ်သွားပြီး ပိုဟောက်တတ်ကြပါတယ်။

၅ ။ ခေါင်းအုံး ပြောင်းလိုက်ပါ။

သင့်အိပ်ရာပေါ်မှာ ရှိနေတဲ့ ဓာတ်မတည့်တာကို ဖြစ်စေတဲ့ ပိုးမွှားတွေ၊ ကြောင့် နှာစေးနှာပိတ်ဖြစ်စေပြီး အသက်ရှူ လို့ မကောင်းတော့လို့ ဟောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာကို သန့်သန့်ရှင်းရှငိးထားပါ။

ပျော့တဲ့ ခေါင်းအုံးထက်စာရင် မာတဲ့ခေါင်းအုံး ကို သုံးပါ။

၆ ။ ရေဓာတ်ပြည့်နေပါစေ ။ ။

အာခေါင်ခြောက်နေတဲ့အခါ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ ပိုကပ်နေနိုင်တာကြောင့် လေဝင်ပေါက် ကျဉ်းသွားပြီး ပိုဟောက်တတ်ပါတယ်။

ဒါကြောင့် ရေဓာတ်ပြည့်ဝအောင်လို့ ဟောက်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၁၁ ဖန်ခွက်သောက် သင့်ပြီး အမျိုးသားတစ်ဦးကတော့ ရေ ၁၆ ဖန်ခွက်သောက်သင့်ပါတယ်။

ဒါတွေကတော့ ကိုယ်ကဟောက် တတ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သားတွေ ဟောက်တတ်ရင် ပဲဖြစ်ဖြစ် ဟောက်တာကို သက်သာအောင် လုပ်လို့ ရတဲ့ နည်းလမ်းတစ်ချို့ဖြစ်ပါတယ်။

ဒီနည်း အကုန်လုံးက ဟောက်တာကို လုံးဝ မပျောက်စေရင်တောင် သက်သာ သွားအောင် လုပ်နိုင်တာကြောင့် စမ်းကြည့်တာ မမှားဘူးနော် ။ ။

Credit: Hello Health Group