သင့်နှုတ်ခမ်းတစ်စုံက ပြောပြပေးမယ့် သင့်အကြောင်း

Knowledge Lifestyle
Spread the love

သင့်နှုတ်ခမ်းတစ်စုံက ပြောပြပေးမယ့် သင့်အကြောင်း

(A) ပါးတဲ့နှုတ်ခမ်း

ပုံမှာပြထားသလို သင့်နှုတ်ခမ်းဟာ ပါးတယ်ဆိုရင် သင်ဟာ ကိုယ်ထူ ကိုယ်ထ နေတတ်ပြီး ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူ တစ်ယောက်ပါပဲ။ ခုလိုပြောလို့ သင့်ပတ်၀န်းကျင်က သင်နဲ့ပတ်သက်သူတွေကို ကျေးဇူးမတင်တတ်ဘူး၊ မချီးမွမ်းတတ်ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒါမျိုးတွေ သင်တကယ်ကို ပြောဆိုပြုမူတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်ပါးသူရဲ့ အကူအညီကို နည်းနိုင်သမျှ နည်းနည်းသာ လိုချင်သူပါ။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာကိုယ် ရပ်တည်ကြိုးစားသူတစ်ယောက်ပါ။ တစ်ခုခုလုပ်ချင်ပြီ၊ ဖြစ်ချင်ပြီဆိုရင် သင့်ကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ သင်ဟာ Kate Middleton တို့ Beyonce တို့လိုနှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားသူပါ။

(B) နှုတ်ခမ်းထူထူပြည့်ပြည့်

ပုံမှာ ပြထားသလို သင့်နှုတ်ခမ်းက ဂျိုလီနှုတ်ခမ်းလို ထူထူပြည့်ပြည့်လေး ဖြစ်နေမယ်ဆိုရင် သင်ဟာ သဘာ၀ကို အလွန်ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သင့်သူငယ်ချင်းတွေကတော့ သင်ဟာ သူတို့အထဲမှာ အမေတစ်ယောက်လို အားလုံးကို ဂရုစိုက်ဆက်ဆံတတ်သူ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တော်တဲ့သူလို့ ထင်မြင်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သူငယ်ချင်းတွေအပေါ် ဘယ်တော့မှ မကောင်းမပြောတတ်၊ မပြူမူတတ်သူမို့ပါ။ သင်ဟာ ကိုယ်ကျိုးမကြည့်ပဲ အခြားသူတွေအပေါ် ကြင်နာကူညီတတ်သူမို့ သင့်ကိုနင်းပြီး သူတို့ကောင်းကျိုးရှာသွားတတ်သူတွေကိုတော့ သတိထားဆက်ဆံဖို့ လိုပါတယ်။

(C) နှင်းဆီပွင့်လွှာလေးလို့ သိပ်လည်းမကြီး သိပ်လည်း မသေးတဲ့နှုတ်ခမ်း

ပုံမှာ ပြထားသလို သင့်နှုတ်ခမ်းက ဘီမှာပြထားတဲ့ ပုံလောက်လည်း ဘေးကားပြီး မပြည့်ဘူး။ အလယ်မှာ စုစုလေးနဲ့ နှင်းဆီပွင့်လွှာလေးလို ဖူးဖူးလေးဆိုရင်တော့ သင်ဟာ မော်ဒယ် Lindsey Wixson လို နှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားသူပေါ့။ သင်ဟာ လိုချင်တာကို ရအောင် ယူတတ်တယ်။ သင့်ပင်ကိုယ်အရည်အသွေး၊ အားလုံးကို ဂရုမစိုက်ပဲ နေတတ်တဲ့ အချက်တွေက လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ သင်ဟာ တစ်ပါးသူအပေါ် မှီခိုရမှာ မုန်းတတ်ပြီး တစ်ခုခု လုပ်ဆောင်တော့မယ်ဆို သေချာလေး စဉ်းစားတတ်သူဆိုရင်လည်း မမှားပါဘူး။