သင့်မှာ ဒီအချက် (၄) ချက်ရှိရင် သင့်သူငယ်ချင်းကံကောင်းပါတယ်

Lifestyle
Spread the love

သင့်မှာ ဒီအချက် (၄) ချက်ရှိရင် သင့်သူငယ်ချင်းကံကောင်းပါတယ်

သူငယ်ချင်းတွေဆိုတာ ဘဝမှာမရှိမဖြစ်လိုအပ်တဲ့သူတွေပါ။ ဘဝရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ အမှတ်ရစရာအဖြစ် အပျက်တွေအားလုံးမှာ သူငယ်ချင်းတွေပါဝင်နေပါတယ်။ လူတိုင်းက သူငယ်ချင်းကောင်းလိုချင်ကြပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ်ဖို့ အရင်ဆုံးလိုအပ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ အခုပြောပြမယ့်အချက်တွေက သင့်သူငယ်ချင်းအတွက် သင်ကသူငယ်ချင်းကောင်းတယောက် ဟုတ်မဟုတ်ဆိုတာ သိနိုင်အောင်ပါ။ ဖတ်ကြည့်လိုက်ပါဦး။

(၁) သူငယ်ချင်းကောင်းတွေက နားထောင်ပေးတယ်

မိတ်ဆွေကောင်းတယောက်ရဲ့ထင်ရှားတဲ့အချက်တချက်က သူငယ်ချင်းပြောတာကို ကောင်းကောင်းနား ထောင်ပေးတာပါ။ သူတို့ဘဝရဲ့အရေးကြီးအကြောင်းအရာတွေပြောတဲ့အခါ ဒါမှမဟုတ် ရင်ဖွင့်တဲ့အခါ သင့်အနေနဲ့သေချာနားထောင်ပေးဖို့ကြိုးစားသင့်ပါတယ်။ နားထောင်ပေးခြင်းက သူတို့ကိုဂရုစိုက်ရာရောက် ပါတယ်။

(၂) သူငယ်ချင်းကောင်းတွေက ရိုးသားကြတယ်

ပေါင်းသင်းဆက်ဆံရေးမှာ ရိုးသားဖြောင့်မတ်တာက အကောင်းဆုံးမူဝါဒတခုလို့ပြောပါတယ်။ သင့်သူငယ်ချင်းများအပေါ်ရိုးသားမှုရှိတာက သူတို့ရဲ့ယုံကြည်မှုကိုတန်ဖိုးထားကြောင်းပြသရာရောက်ပါတယ်။ စစ်မှန်တဲ့မိတ်ဆွေတွေဟာ ခက်ခဲတဲ့အချိန်တွေမှာတောင် အမြဲတမ်းရိုးသားတတ်ကြပါတယ်။

(၃) သူငယ်ချင်းကောင်းတွေက ကူညီပေးတယ်

မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာ ကောင်းတွေအချိန်တွေရော ဆိုးတဲ့အချိန်တွေမှာပါ တယောက်နဲ့တယောက်ကူညီကြဖို့ဖြစ်ပါတယ်။ သင့်ဆုံးဖြတ်ချက်နဲ့ အမြင်မတူခဲ့ရင်တောင် သင်သာပျော်ရွှင်မယ်ဆိုရင် သင့်ကိုအမြဲကူညီဖို့အသင့်ရှိကြပါတယ်။

(၄) သူငယ်ချင်းကောင်းတွေက စဉ်းစားပေးတတ်တယ်စဉ်းစားတွေးခေါ်ပေးတတ်တာက သူငယ်ချင်းကောင်းတယောက်ရဲ့ လက္ခဏာရပ်ပါပဲ။ သူတို့တွေက သင်အလုပ်တွေရှုပ်နေပြီး စကားမပြောဖြစ်ရင်တောင် သင့်ကိုနှုတ်ဆက်ဖို့ စကားပြောဖို့မေ့မှာမဟုတ်ပါဘူး။ ဒါဟာ သူတို့အတွေးမှာ သင်ရှိနေတာကိုသိသာစေပါတယ်။ သူငယ်ချင်းကောင်းတွေဆိုတာ သင်လိုအပ်လာရင် ကူညီပေးဖို့ အမြဲရယ်ဒီဖြစ်နေသူတွေပါပဲ။