သင့်ရဲ့ဖူးစာရှင်ကို သိချင်ရင်လက်နှစ်ဖက်ကို ပူးကပ်ကြည့်ပါ

Knowledge Lifestyle
Spread the love

သင့်ရဲ့ဖူးစာရှင်ကို သိချင်ရင်လက်နှစ်ဖက်ကို ပူးကပ်ကြည့်ပါ ဒီတခါပြောပြမှာကတော့ လက်နှစ်ဖက်ကို ပူးကြည့်လိုက်လို့ သင့်ချစ်သူ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကိုပါ။ ဒါပေမယ့်ဒါဟာ၁၀၀%မှန်တယ်လို့

စာရေးသူမဆိုလိုပါဘူးသင့်ချစ်သူရဲ့လက်ဖဝါးကိုကြည့်လိုက်ပါသင့်ချစ်သူရဲ့လက်ဖဝါးကအချစ်လမ်းကြောင်းကနေ သူတို့ရဲ့ စိတ်နေသဘောထားကို အနည်းငယ် မှန်းဆကြည့်လို့ရနိုင်ပါတယ်နော်စာဖတ်သူတို့ရဲ့စိတ်သဘောထားနဲ့ တိုက်ဆိုင်တယ်မဆိုင်ဘူးဆိုတာကို ဝေဖန်ချက်ပေးလို့ရပါတယ်။

၁။လက်ဖဝါးပေါ်က အချစ်ရေးလမ်းကြောင်းအတူတူဖြစ်နေရင်သင့်ချစ်သူရဲ့လက်ဖဝါးဟာအခုလိုပုံစံမျိုးဖြစ်နေရင်အရမ်းကို

ကံကောင်းတဲ့သူလို့ မှတ်ယူလိုက်ပါတော့နော်။ ဒီလက်ဖဝါးပိုင်ရှင်မျိုးဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တကယ်အလေးနက်ထားတဲ့သူတစ်ယောက်ပါ။သင့်ချစ်သူဟာ ဆင်ခြင်တုံတရားရှိသူဖြစ်ပြီး

ကောက်ကျစ်ယုတ်မာမှုကို ရွံမုန်းတဲ့သူဖြစ်ပါတယ်။ သင့်ချစ်သူ (သို့) လက်တွဲဖော်ဟာ ပညာရှိပြီး နူးညံ့သိမ်မွေ့တယ်၊ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးနက်ထားတဲ့သူဖြစ်ပါတယ်။

၂။ညာဖက်အချစ်လမ်းကြောင်းက ဘယ်ဖက်ထက် ပိုနှိမ့်နေသူသူတို့တွေကတော့ အချစ်ဆိုတာ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေမယ့်အရာတစ်ခုလို ခံယူထားကြပါတယ်။သူတို့ထက် အသက်ငယ်တဲ့သူ(သို့) လူမျိုးခြားတွေကို သဘောကျနှစ်ခြိုက်ကြပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြတဲ့သူတွေဖြစ်ပါတယ်။

၃။ဘယ်ဖက်လမ်းကြောင်းက ညာဖက်လမ်းကြောင်းထက် ပိုနှိမ့်နေရင်အဲဒီလိုလက်ဖဝါးမျိုးပိုင်ဆိုင်ထားသူတွေဟာ သူတို့ထက် အသက်ကြီးတဲ့သူတွေကို သဘောကျတဲ့သူတွေဖြစ်ပါတယ်။ ဒီလက်ဖဝါးပိုင်ရှင်မျိုးဟာ သူတို့ရဲ့ ရှိရင်းရှိအသက်ထက်ကို ပိုတော်ပြီး ပိုရင့်ကျက်ကြပါတယ်။

ချစ်တတ်တယ်၊ ကြင်နာတတ်ပြီး၊ အရမ်းလည်း Romantic ဆန်တဲ့သူတွေဖြစ်ပါတယ်။ သူ့တို့မှာ ဆဌမမြောက်အာရုံရှိလို့ သင်အမှားလုပ်ရင်လည်း ခန့်မှန်းသိရှိနိုင်တဲ့သူတွေပါနော်။credit orginal