သတိထား ဆက်ဆံရမယ့် သင့်အနားမှာရှိတဲ့ လူ (၈) မျိုး (သိထားသင့်လို့ မျှဝေလိုက်ပါတယ်)

Knowledge Lifestyle
Spread the love

သတိထား ဆက်ဆံရမယ့် သင့်အနားမှာရှိတဲ့ လူ (၈) မျိုး (သိထားသင့်လို့ မျှဝေလိုက်ပါတယ်)

၁။ တင်စီးသူများ

သူတို့အတွက်တင်စီးတာဟာယုံကြည်မှုရှိတာပါ။မာနဟာဘဝနေထိုင်နည်းပါ။ဘေးနားကလူတွေထက်အမြဲသာကြောင်းပြဖို့ကြိုးစားနေသူတွေပါ။ဒီလူတွေကိုလိုတာထက်ပိုပြီး မပတ်သက်ပါနဲ့။

၂။ မနာလိုသူ

မနာလိုတာပါ။သင်အောင်မြင်တာကို မကျေနပ်တာမျိုးတင်မဟုတ်ပါဘူး။သင်အခက်အခဲဒုက္ခတွေဖြစ်နေတာကိုပျော်နေတာပါ။ဒီလူတွေရဲ့အကျင့်ကိုကအဲ့အတိုင်းဖြစ်နေတာပါ။

၃။ ဟန် သမား

ဒီလူတွေကတော့အေးအေးဆေးဆေး သမားတွေပါ။ဖော်ရွေပါတယ်။ သူငယ် ချင်းအရင်းကြီးအတိုင်းပါပဲ။ဒါပေမဲ့ သင် ဒုက္ခရောက်ပြီ၊အကူအညီလိုပြီဆိုတာနဲ့ သင့်အနားကပျောက်သွားပါပြီ မရှိတော့ပါဘူး။

၄။ နောက်ပြန်သမား

သင့်တိုးတက်မှုကိုပုံဖျက်မယ့်လူတွေပါ။ မကောင်းတဲ့ယခင်ကအလေ့အကျင့်ဟောင်းတွေဆီသင့်ကိုပြန်ဆွဲချသွားမယ့် လူတွေပါ။

၅။ မှတ်ချက်သမား

ဘယ်အရာကမှသူတို့အတွက်မကောင်းပါဘူး။ဘယ်လောက်ပဲလုပ်လုပ်သူတို့အတွက်ကျေနပ်စရာမဟုတ်ပါဘူး။

ဘယ်လိုပုံစံဘယ်လိုလူမျိုးကိုဖြစ်ဖြစ် သူတို့ကမကောင်းတဲ့ဘက်ကမှတ်ချက်တွေပေးပြီးဝေဖန်ပါတယ်။

Two female friends sitting on sofa and arguing with each other. Friendship, quarrel, female disagreement, copy space (Two female friends sitting on sofa and arguing with each other. Friendship, quarrel, female disagreement, copy space, ASCII, 118 comp

၆။ ထိန်းချုပ်သူများ

သင့်ကိုသူတို့အကြိုက်ထိန်းချုပ်မယ့်လူ ဖြစ်ပါတယ်။သင့်ကိုလွှမ်းမိုးပြီးသူတို့လိုအပ်ချက်တွေကိုပဲဦးစားပေးလုပ်ပါလိမ့်မယ်။

၇။ အတင်း ပြောသူများ

ဒီလိုလူမျိုးတွေနဲ့သူများအကြောင်းသွားမပြောပါနဲ့။သင့်ကွယ်ရာမှာလည်းသူတို့ ကသင့်အကြောင်းပြောမှာပါ။သူတို့လာပြောလည်းအလိုက်သင့်ပြန်ပြောပြီး ဘာမှပြန်မပြောတာ အကောင်းဆုံးပါ။

၈။ တရားခံ ရှာသူများ

ဘယ်တော့မှတာဝန်မခံသူတွေပါ။ တစ် ခုခုဖြစ်ရင်လည်းအနီးကလူကို လက် ညှိုးထိုးတတ်ပါတယ်။အဲ့ဒီအင်္ဂါရပ်တစ်ခုခုနဲ့ ငြိစွန်းနေတဲ့သူမျိုးဆိုရင်သင်သတိထား ဆက်ဆံနိူင်ပါစေ။

အရှင်သူရိယ ပြန်လည်မျှဝေသည်