“သတိမထားမိကြတဲ့ အိမ်နိမိတ်(၁၂)ချက်”
(၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ်။
(၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနိမိတ်ပါ။
(၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိူးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။
(၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက်အဆိပ်မိတာမျိူး ဖြစ်တတ်ပါတယ်။
(၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်။
(၆) အိမ်ထဲမှာ လုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။
(၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့။ အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။
(၈) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာဘေး မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ရင်းကြည့်မရအောင်လွှဲချိတ်ထားပါ)
(၉) မနက်အိပ်ယာ မသိမ်းပဲမထားပါနဲ့။ ညတော်တော်နဲ့ အိပ်မပျော်ဖြစ်တတ်ပါတယ်။
(၁၀) တိရစ္ဆာန် အစစ်တွေရဲ့ အေရခြံ၊ အရိုး၊ ဦးခေါင်း စတာတွေနဲ့ အိမ်ကိုအလှမဆင်ပါနဲ့။ ကံညံနေတတ်တယ်။
(၁၁) နံရံမွာ လှေကားထောင်ရက်မထားပါနဲ့။ အမူအခင်းကြုံ၊ စွပ်စွဲခံရတတ်ပါတယ်။
(၁၂) တစ်အိမ်တည်း ဘုရားစင်နှစ်နေရာ ခွဲမထားပါနဲ့။ သားသမီးတွေ ကံညံတတ်ပါတယ်။
မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝကြပါစေ…။ ။