သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ

Knowledge
Spread the love

သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီး

သနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး

ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်

ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ်

ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့

ဆီ+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှ

မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်

အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်

မိုးမခ