အခုတလောမှာတော့ လူအများစုဟာ နေအိမ်မှာသာနေထိုင်ပြီး သောက်လိုက် ၊ စားလိုက် ၊
အလုပ်လေးလုပ်လိုက်နဲ့ အချိန်ကုန်ဆုံးနေကြပြီး အပြင်ထွက်လည်ခြင်းမျိုးမရှိတော့လောက်အောင် နည်းလာခဲ့ပါတယ် ။
ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်ဟာ May 20 ရက်နေ့က Facebook စာမျက်နှာမှာ တင်လိုက်တဲ့
ဓာတ်ပုံကြောင့်အတော်လေးကို ပွဲဆူသွားစေခဲ့ပြီး အဆိုပါpost ကိုပြန်လည်ဝေမျှသူပေါင်း 32,000 ခန့်အထိ ရှိခဲ့ပါတယ် ။
အဆိုပါအမျိုးသားကတော့ သူဟာတော်တော်လေးကို သောက်စားနိုင်တဲ့သူဖြစ်ပြီး ၊ ဘယ်လောက်ပဲ မူးနေပါစေ…
အိမ်အထိကားမောင်းပြန်နိုင်ကြောင်း ပြောဆိုထားပါတယ် ။ ထို့အပြင် ” ကျွန်တော်အိမ်ပြန်တော့ လမ်းမကြီးဘေးမှာ
ခွေးလေးတစ်ကောင်တွေ့တယ် ၊ ခွေးလေးကို တအားသနားမိတော့ ကားပေါ်ခေါ်တင်ခဲ့ပါတယ် ၊
ဒါက ဘယ်သူ့ရဲ့ခွေးလဲဗျ ၊ ကျွန်တော့်အိမ်မှာ ခွေးလေးကိုပြန်လာခေါ်ဖို့ ကျွန်တော့်ကို ဆက်သွယ်လိုက်ပါဗျာ ”
ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။အဆိုပါ post မှာတင်ပဲ ” ဘယ်သူကမှ ဒီသနားဖို့ကောင်းတဲ့ ခွေးလေးကိုလာမခေါ်ကြဘူး ၊
သူက ခွေးလေးကို သနားလို့ အရိုးကျွေးပေမဲ့လည်း ခွေးလေးက မစားပဲ အိမ်ကိုလွမ်းနေပုံပဲ ” ဆိုပြီး ထပ်မံရေးသားထားပါသေးတယ်…။
အချို့သောသူတွေကတော့ အဆိုပါအမျိုးသားဟာ နွားပေါက်စလေးနဲ့ ခွေးလေးကို
မှားရလောက်တဲ့အထိတော့မူးနေတာ မဖြစ်နိုင်ကြောင်း ၊
အဆိုပါအမျိုးသားက တမင်သက်သက် စနောက်နေတာပါဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတော့တယ် ။