သာကူစေ့ဘယ်ကစဖြစ်လဲဆိုတာ သိလိုက်ရသောအခါ ဗဟုသုတရရှိစေမည့် အကြောင်းအရာလေးတစ်ခု ဖော်ပြပေးချင်ပါတယ်။
ကျွန်တော်တို့ ထန်းလျက် သာကူ/သကြား သာကူ နှင့် သာကူစေ့ပါဝင်သော အစားအစာတွေ အများအားဖြင့် စားသုံးဖူးကြပါတယ်။
သာကူစေ့ကို saksak, rabia ,sago and sagu ဆိုပြီး ရေးသားခေါ်ဆိုပါတယ်။
ဒါပေမဲ့သာကူစေ့ကို ဘယ်လိုပြုလုပ်သလဲ..သာကူစေ့အတွက် ကုန်ကြမ်းပစ္စည်း(raw materials)ကိုဘယ်ကရသလဲ ဆိုတာ သိရှိထားသူ နည်းပါးနိုင်ပါတယ်။
ကျွန်တော် ပြောပြပါ့မယ်သာကူစေ့အတွက် အဓိက ကုန်ကြမ်း ပစ္စည်းဟာ ဆာဂူပင်(Metroxylon sago palm)မှ ရရှိပါတယ်၊၊
ဆန်၊ဂျုံ နှင့်ကလောမှုန့်ဖြင့် ပြုလုပ်တဲ့ သာဂူစေ့တွေဟာ သာဂူစေ့အစစ်မဟုတ်ပါ။
ဆာဂူပင် ဆိုတာက ဆီအုန်းပင် ၊အုန်းပင်များနှင့်ဆင်တူပြီး ဒီအပင်တွေဟာအာဖရိက၊မလေးရှား၊အင်ဒိုနီးရှားနှင့်ကုန်းမြင့်မြေပြန့်ဒေသတွေမှာ မြင်တွေ့နိုင်ပါတယ်။
ဆာဂူပင်ရဲ့အပြင်ပိုင်းအလွှာဟာ အုန်းပင်ကဲ့သို့ မာကြောပြီး သူရဲ့အတွင်းသားဟာ အရမ်းနူးညံ့ပါတယ်။
ဆာဂူပင်၏ အတွင်းပိုင်းအသားများကို ခွဲခြမ်းစိတ်မွှာပြီး အရည်ညစ်ယူပါတယ်။
၎င်းအရည်ကို အရည်ကြည်ခံအနယ်ထိုင်စေပြီး ကျန်ရှိတဲ့အနှစ်ကို နေလှန်း၍ ရရှိလာသော အမှုန့်ကို
သာကူစေ့အပြင်အခြားသော စားသောက်ကုန် လုပ်ငန်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
ဆာဂူပင်ဟာ တောတွင်းနေ အာဖရိကမျိုးနွယ်စုတွေရဲ့အဓိကအစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။
ဆာဂူပင်ကို ပိုင်းဖြတ်ပြီး ထက်ခြမ်းခွဲ၍ ကျွဲ၊နွား နှင့်ဆိတ်များကိုလည်း ကျွေးနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်…။