သားမက် ညကျရင် ပွဲကြမ်းဖို့ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

Story
Spread the love

သားညကျရင် ပွဲကြမ်းဖို့ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

သားမက်က ညကျရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ ကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

ကျား အားတိုးဆေးထဲမာခွေးလျားနက်စေ့အကြောင်း သိကြမယ်ထင်ပါတယ်

” မကြင်မြ..”

” ဘာတုန်းကိုဆောင်း ”

” ငါ့ ခွေးလှေးယားသီး အနက်စေ့တွေ ဘယ်မတုန်း”

” ဟင်…..ကျုပ်လည်း ဘယ်သိမတုန်း ၊ တော်က ဘယ်မှာထားလို့လဲ ”

” ကြောင်အိမ်ပေါ် တင်ထားတာလေ ”မောင်ဆောင်း အတော်ဒေါသထွက် မိတယ်

ဘယ့်နှယ်ဗျာ…ခွေးလှေးယားသီးအနက်စေ့က ကျားခွန်အားတိုးတယ်ဆိုလို့ ဝယ်စားပါတယ် ။

ဘယ်သူမှ မစားလောက်ပါဘူးလေဆိုပြီး ကြောင်အိမ်ပေါ်တင်ထားကာမှ ပျောက်ချင်းမလှပျောက် သွားတော့ ဒေါသမထွက်ပဲရှိမလား

” ငဆောင်း..

” ဗျာ..အဖေ ”

” ခဏလာဦး…မောင်ဆောင်းရဲ့ ယောက္ခထီးကလှမ်းခေါ်တော့ မောင်ဆောင်းလည်း ဒေါသကိုချုပ်တည်းပြီး ယောက္ခထီးဆီသွားရတာပေါ့ ။

” ခွေးလှေးယားသီးအစေ့ကို ဘာဖြစ်လို့ စားရတာလဲ

” အမ်…ကြိုက်..ကြိုက်လို့ပါအဖေ”

“ဟေ့ကောင်…ငါ့ကို မလိမ်နဲ့ ။ အမှန်ပြောစမ်း ”

” ဟွာလေ….ဟွာကောင်းတာ ”

” ဟေ့ကောင်….ကောင်းကောင်းဖြေစမ်း ”

” အဖေကလည်းဗျာ ၊ ဘာလို့သိချင်တာလဲ ”

” သိချင်လို့ မေးနေတာပေါ့ကွ ”

” ဟာဗျာ…ပြောမကောင်းပါဘူး ၊ အဖေ့သမီး ကြင်မြကိုမေးသာကြည့်

” ဟေ့ကောင်….ငဆောင်း…၊ ငါမသိဘူးမှတ်နေလား ။ ငါ ငတုံးမဟုတ်ဘူးကွ ။ မင်းစားနေတဲ့ ခွေးလှေးယားသီးအနက်စေ့က အဟွာအားကောင်းတာ ငါသိတယ် ”

” ဗျာ…. အဖေက ဘယ်လိုလုပ်ပြီး သိတာလဲ ”

” ငါ့ကိုဘာမှထပ်မမေးနဲ့ ။ မင်းရဲ့ ခွေးလှေးယားသီးစေ့တွေ ငါ အကုန်စားလိုက်တာ ”

” အ……အဖေ…..”

” မင်းတကယ်သောက်ရူးပဲ ငဆောင်း….။ ငါ အကုန်စားတာတောင် ဘာမှမဖြစ်ဖူး ”

” ဗျာ….

” ကိုဘတင့်….၊ ကျွန်မ မပြောသင့်လို့ အသာငြိမ်နေတာ ၊ ရှင်က ခွေးလှေးယားသီး မစားနဲ့တော့ ၊ ရှင် ခွေးလှေးယားသီးစေ့စားရင် ကျွန်မ ရှင်နဲ့အတူမအိပ်တော့ဘူး ”

ခွေးလှေးယားသီးစေ့ရဲ့အစွမ်းကို မောင်ဆောင်းရဲ့ယောက္ခထီးက လက်တွေ့ပြလိုက်ပြီဆိုတော့ မောင်ဆောင်း ကျေနပ်ပြီလေ ။ ဒါပေမဲ့…

” ဟေ…..ဘာဖြစ်လို့လဲဟ…၊ ငါလည်းဘာမှမလုပ်ရပါဘူးဟာ

” ရှင် ဘာမှမလုပ်နိုင်တာ ရှင့်ကိုယ်ရှင်သိရင်ပြီးရော ၊ ကျွန်မလည်း အဲဒါတွေ စိတ်မဝင်စားဘူး ”

” ဒါဆို..မင်းကဘာလို့ပြောနေလဲ ”

” ပြောရမှာပေါ့…ခွေးလှေးယားသီးစားပြီး တစ်ညလုံး လေ လည်နေတာ ကျွန်မ မခံစားနိုင်ဘူး ”

” ဟေ…..”