သားသမီးတွေ မနာလို ဝန်တိုမှာစိုးလို့ဆိုပီး အလုပ်ကျွေးပြုစုခဲ့တဲ့ချွေးမကို စဉ့်အိုးတလုံးလက်ဆောင်ပေးပီးနောက်

Knowledge Lifestyle
Spread the love

ယခု social media မှာမျှဝေခဲ့တဲ့အမျိုးသမီးဟာ၊သူမရဲ့အကြောင်းလေးကိုယခုလိုပဲပိုစ့်တင်ခဲ့တဲ့အခါမှာတော့ဖတ်မိသူတိုင်းကိုပီတိဖြစ်စေခဲ့ပါတယ်။

သူမဟာငယ်စဉ်တည်းက၊မိခင်ဖြစ်သူသူမတို့သားအဖကိုစွန့်ပစ်ပီးအခြားယောက်ျာတစ်ယောက်ယူလိုက်တာကြောင့်၊သူမဟာဖခင်နဲ့အတူ

အဖိုးအဖွားအိမ်မှာနေခဲ့ရပါတယ်။သူမရဲ့ဖခင်ကနေ့စဉ်အလုပ်သွားရတာကြောင့်၊သူမဟာအဖိုးအဖွားတို့ရဲ့ဝေယျာဝိစ္စအပြင်အိမ်မှုကိစ္စကိုပါငယ်ငယ်ရွယ်ရွယ်နဲ့လုပ်တတ်ခဲ့ပါတယ်။

သူမတို့မိသားစုဟာဆင်းရဲတာကြောင့်တနေ့လုပ်တနေ့စားဘဝနဲ့သာနေထိုင်ခဲ့ရပါတယ်။ထို့​နောက်အသက်ရွယ်ရလာတဲ့အခါမှာတော့

သူမရဲ့ခင်ပွန်းဆိုသူနဲ့အိမ်ထောင်ကျခဲ့ပီး၊ယောက္ခမအိမ်မှာပဲအတူနေထိုင်ခဲ့ပါတယ်။ထို့နောက်မိခင်နဲ့အတူမနေထိုင်လိုက်ရတဲ့သူမရဲ့ဘဝကြောင့်၊

သူမဟာယောက္ခမဆိုသူကိုမိခင်ရင်းသဖွယ်ပြုစုစောင့်ရှောက်ရင်းနေထိုင်ခဲ့ပါတယ်။ထို့နောက်ယောက္ခမဖြစ်သူဟာ၊သူမကိုရှေးဟောင်းစဉ့်အိုးကို

အမှတ်တရပေးခဲ့တာကြောင့်၊သူမအနေနဲ့တမြတ်တနိုးသိမ်းထားခဲ့ပါတယ်။သူမရဲ့ယောက္ခမသေဆုံးပီးငါးနှစ်အကြာမှာတော့၊

သူမဟာအိမ်သန့်ရှင်းရေးလုပ်နေရင်းစဉ်အိုးကိုမတော်တဆတိုက်မိခဲ့တာကြောင့်ထိုစဉ့်အိုးကြီးကွဲသွားခဲ့ရပါတယ်။

ထိုအချိန်စဉ့်အိုးကွဲထဲကထွက်ကျလာတာက၊ဘဏ်စာအုပ်တအုပ်နဲ့သူမနာမည်နဲ့ရေးထားတဲ့စာတစ်​စောင်ကိုအံ့အားကြီးစွာတွေ့ရှိခဲ့ပါတယ်။

ထို့​နောက်စာလေးဖွင့်ဖတ်ကြည့်တဲ့အခါမှာ”သမီးအတွက်အမေလုပ်ပေးနိုင်တာလေးပါ။ငွေပမာဏမများပေမဲ့အသုံးတော့ဝင်မှာပါ”ဆိုတဲ့စာတစောင်နဲ့အတူ၊

ယောက္ခမဖြစ်သူဟာသူမအတွက်စုထားတဲ့ဘဏ်စာအုပ်လေးလုပ်ထားပေးခဲ့တာကိုသိရှိလိုက်ရတယ်လို့ဆိုပါတယ်။

သူမအနေနဲ့တွေးမိတာကတော့၊ယောက္ခမဖြစ်သူဟာသားသမီးတွေရဲ့မနာလိုမှုရှိခဲ့မှာစိုးလို့ယခုလိုမသိအောင်သူမကိုသမီးရင်းသဖွယ်ချစ်မြတ်နိုးပီး၊

တတ်နိုင်သလောက်လုပ်ပေးခဲ့ရှာပါလားဆိုပီးဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကို၊

ယခုလိုပဲမျှဝေခဲ့ပီးစေတနာမှန်ရင်အကျိုးပေးမှာပါဆိုတဲ့ message လေးကိုပေးခဲ့ပါတယ်။