သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာတဲ့ အိမ်တွင်းဆေး…

Beauty&Fashion Knowledge Lifestyle
Spread the love

သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင် ဆေးနည်းသစ်တခုပေးပါရစေနော် …။

သုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့် အသားအရေ ထူးခြားလာပါလိမ့်မယ် …။

အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံးဝင်လွန်းပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုပါတယ် …။

ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။ ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့် …၊

ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်လုပ်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာပဲ ဖြစ်တယ် …။

ပထမအဆင့်- Scrub

ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည်တစ်ဇွန်းစာ နဲ့ စန္ဒာကူးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာကို ရောစပ်ပါ …။

ပြီးရင် အဆိုပါအရောထဲ ခရမ်းချဉ်သီးကို အတုံး ခပ်သေးသေးလေးတွေ ပိုင်းပြီးထည့်ပါ …။ (တချို့က အထဲက အနှစ်ကိုလည်း အသုံးပြုကြတယ်)

သကြား၊စန္ဒာကူးမှုန့်နဲ့ ခရမ်းချဉ်းသီး သုံးမျိုးအရောကို ခြေထောက် သို့မဟုတ် လက် စတဲ့နေရာတွေမှာ ၅-၁၀ မိနစ်ခန့် ကြာအောင် ပွတ်ပေးပါ …။

ပြီးတာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်ခြောက်တခုနဲ့ သေချာသုတ်ပါ။ ဒါဆိုရင်တော့ ပထမအဆင့်ပြီးပါပြီ …။

ဒုတိယအဆင့် – whitening pack

ဒီအဆင့်က ခြေလက်တွေကို ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်ဖြစ်လို့ ပိုအရေးကြီးတယ်။ အရင်ဆုံး အာလူးသီးကို အခွံခွာပြီး blender (ကြိတ်စက်)ထဲ ထည့်ပြီး ကြိတ်ပါ …။

(blender မရှိရင် နုတ်နုတ်စင်းပြီး ညက်အောင် ထောင်းလို့လည်းရပါတယ်)။ ပြီးရင် ထွက်လာတဲ့ အနှစ်ကို သန့်စင်တဲ့ ပိတ်ဖြူစ(အဝတ်စ)တစ်ခုထဲထည့်ပြီး အရည်ချည်းထွက်အောင် စစ်ထုတ်ယူပါ …။

ဒါဆိုရင် အာလူးသီးအရည်ရလာလိမ့်မယ်။ အာလူးသီးအရည်ကို ထမင်းစားဇွန်း (၄)ဇွန်းစာလောက်ယူပြီး ရှောက်သီးရည် ထမင်းစားဇွန်း (၃)ဇွန်းစာ အရင် ရောစပ်ပါ …။

ပြီးရင် ဆန်မှုန့် ထမင်းစားဇွန်း(၂)ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးမှ ပျားရည် ထမင်းစားဇွန်း(၁)ဇွန်း ရောထည့်လိုက်ပြီး သမအောင် မွှေရင် အသားဖြူဖွေးစေတဲ့ pack တခုရရှိမှာ ဖြစ်ပါတယ် …။

ရလာတဲ့ လေးမျိုးစပ် အရောကို ခြေ၊လက်၊ကုပ် စတဲ့နေရာတွေမှာ လိမ်းပြီး နာရီဝက်ပြည့်အောင် လိမ်းထားလိုက်ပါ။ ပြီးရင် ရေဆေးပစ်လိုက်ပါ …။

နဂိုမည်းနေတဲ့အသားအရေတွေ သုံးရက်အတွင်း သိသိသာသာ ပြန်လည်ဖြူဖွေးလာတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော် …။ ။

ဒေါက်တာ အေးမင်းထူး