သူစိမ်းကောင်းရင် ဆွေမျိုးထက်သာတယ်ဆိုတာလဲအမှန်ပါ

Knowledge Lifestyle
Spread the love

သူစိမ်းကောင်းရင် ဆွေမျိုးထက်သာတယ်ဆိုတာလဲအမှန်ပါ။ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းထက်သာတယ်ဆိုတာလဲလက်တွေ့ပါ။ ဆွေမျိုးတိုင်းမကောင်းဘူးမဟုတ်ပါဘူး။ ဒါပေမယ့်… ကိုယ်နဲ့ပတ်သက်တဲ့

ဆွေမျိုးတွေကတော့ တော်တော်ငွေခင်တတ် တဲ့အမျိုး။ ငွေလေးမြင်ရင် ဟိုးအဝေးကြီးရောက်နေလဲ ပြေးပြီးလာနှုတ်ဆက်ဖော်ရတယ်။ အမျိုးဘယ်လိုတော်တာ ဘယ်ညာတော်တာလာပြီးစပ်ပြတယ်။

ဘူးသီး ကိုမြင်နေပြီပဲ အရီးခေါ်ဖို့လဲဝန်မလေးဘူးလေ။ ဒါပေမယ့်လက်ထဲမှာ ငွေမရှိတဲ့အခါလို့ ဆက်ပြီးပြော ဖို့တောင်အချိန်မရဘူး။ အနီးအနားမှာ ဘယ်သူတစ်ဦးတစ်ယောက်မှမရှိတော့ဘူး။

ကိုယ်များနိမ့်ကျနေရင် အရင်ဦးဆုံးအပုတ်ချတာ ကိုယ့်အမျို းအရင်းခေါက်ခေါက်ကြီးတွေက ပဲ။ သူစိမ်းတွေက နဲနဲအပြစ်ပြောရင် သူတို့က ပိုပိုသာသာလေး ထည့်ပြီးပြောတတ်ကြတယ်။

ကိုယ်များအဆင်မပြေရင် ငဲ့ကြည့်ဖို့မပြောနဲ့ အကူအညီတောင်းမှာကြောက်လို့။ လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်မပြောနိုင် ဖြစ်နေကြတာမျိုးလေ။ ကိုယ့်ကိုဘယ်အချိန်မှာ နိမ့်ကျမလဲလို

့ မျက်လုံးဒေါက်ထောက်ကြည့် တဲ့လူတွေထဲမှာ သူစိမ်းတွေထဲ အမျိုးတွေ များတယ်။ ဒါပေမယ့်ေ ဆွမျိုးတွေက ကိုယ့်အပေါ်စေတနာတော့(ထားပါ) သူတို့သားသမီးတွေကိုသာ နိုင်ချင်မှနိုင်တာ။

ကိုယ် အမှားများတွေ့လို့ကတော့ ဆုံးမတာလိုလို သြဝါဒခြွေတာ လိုလိုနဲ့ ပိုပို သာသာလေး အပြစ်ပြော တတ်ကြတာလေ။ ကိုယ့်မရှိရင် ဘယ်သူ့ကိုမှ အားမကိုးနဲ့။ ကိုယ်ရှိလို့ပေးနိုင် တဲ့အခါ ပေးလိုက်ပါ၊

ဒါပေမယ့် ဘာတစ်ခု ကိုမှပြန်မမျှော်လင့် နဲ့။ ကိုယ်ပေးနိုင် ကမ်းနေနိုင်တုန်းမှာ လူတွေအများကြီး ရှိကောင်းရှိ နိုင်ပါတယ်။ ဆွေမျိုးအင်အား တောင့်တင်းကောင်းတောင့်တင်းနိုင်တယ်။

ကိုယ့်မှာဘာမှမရှိ တဲ့အခါ ကိုယ်သူတို့ကို ဘာမှမပေးနိုင်တော့ တဲ့အခါ တစ်ယောက်တည်း ကျန်ခဲ့ရမှာလဲ မေ့မထားနဲ့။ လူတိုင်းမကောင်းဘူးလို့ မပြောလိုပါဘူး။ ဘဝတွေကမတူ တဲ့အခါ ရှင်သန်ရတဲ့

ပတ်ဝန်းကျင်ချင်းမတူ တဲ့အခါ အမြင်ချင်းလဲကွာတတ်တယ်လေ။ ကိုယ်မြင်နေရတဲ့ ဆွေမျိုးဆိုတာမျိုးက ဒီလိုမျိုးတွေပါပဲ။ နိမ့်ကျတဲ့ အခါ သူစိမ်းတွေထက် ပိုပိုသာသာလေးပြော တတ်တယ်။

ကိုယ်မှားသွား တဲ့အခါ သူစိမ်းတွေကြား အတင်းချတတ်တယ်။ငွေရှိလာတဲ့အခါ အနား ကပ်ပြီးပြုံးပြတယ်။ မရှိတော့ဘူးဆိုတဲ့တစ်နေ့ ဘာမှမတော်သလို နေတတ်ကြတယ်။ သဘာဝကပေးတဲ့ ဆွေကောင်းမျိုးကောင်း

ဆိုတဲ့ကံဟာ ကိုယ့်ထံမှာပါ မလာဘူး။ ဘူးသီးသီးမှအရီးလာတော်တဲ့ သူကများ တယ်လေ။ သူစိမ်းကောင်းရင် ဆွေမျိုးထက် သာတယ် ဆိုတာလဲအမှန်ပါဆွေမျိုးယုတ်တဲ့အခါ သူစိမ်း ထက်သာတယ်ဆို တာလဲလက်တွေ့ပါ။