ဒါနကို ပစ်ပယ်သူ၏ ဆိုးကျိုး
ဒေါ်ခင်ရီသည် ရပ်ကွက်ထဲတွင် နှမြောတွန့်တိုရုံမျှမက မိမိလင်သားနှင့် သားသမီးများ လှူဒါန်းလျှင်သော် လည်းကောင်း
အိမ်နီးနားချင်း တစ်ဦးဦး လှူဒါန်းလျှင်သော်လည်းကောင်း ပိတ်ပင် တားဆီးလေ့ ရှိပါတယ်။
ဤသို့ ဒါနပြုရန် ပိတ်ပင် တားဆီးခြင်းသည် အကုသိုလ် အလွန်ကြီးသော အမှုဖြစ်ပေသည်။
ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမှီ ဆိုသည့်အတိုင်း ဒေါ်ခင်ရီသည် ရေချိုးမှားပြီး အပြင်းဖျားကာ ကွယ်လွန်သွားခဲ့လေသည်။
ထုံးစံအတိုင်းပဲ ရက်လည်ဆွမ်းကျွေးတာပေါ့…
နောက်တစ်နေ့တွင်… ဒေါ်ခင်ရီသည် သူမ၏သမီးငယ်အား အိပ်မက်ပေးလေ သည်။
အိပ်မက်ထဲတွင် အမေဖြစ်သူမှာ…ပိန်လှီလှပြီး အရိုးပေါ်အရေတင်ရုံသာ ရှိပါတယ်။ အဝတ်အစားမပါပဲ ကိုယ်တုံးလုံးဖြစ်နေတယ်တဲ့။
အမေဖြစ်သူမှလည်း အိပ်မက်ထဲမှာ သမီးဖြစ်သူကို ပြောပြပါတယ်။
သမီးရယ် အမေ့ကိုကယ်ပါဦး… အမေ့မှာ စားစရာ ဝတ်စရာမရှိ ဖြစ်နေပြီ။ သမီးမြင်ရတဲ့အတိုင်းပဲ။
အမေရယ်… အမေဆုံးတဲ့နေ့ကလည်း သက်ပျောက်ဆွမ်း ကျွေးတယ်။ ရက်လည်တဲ့နေ့ကလည်း သံဃာတော်များပင့်ပြီး ဆွမ်းကျွေးတယ်။ သင်္ကၤန်းတွေ လှူဒါန်းပေးတယ်။
သမီးတို့ အမျှပေးဝေတာ အမေ မရဘူးလား-?
ခေါ်လို့ မရပါဘူးသမီးရယ်…
ဟင်-ဘာဖြစ်လို့လဲ အမေ-?
အင်း… ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပါ သမီးရယ်။
အမေမသေခင်က ကိုယ်ကိုယ်တိုင်မလှူတဲ့ အပြင် သူတစ်ပါးပြုတဲ့ဒါနကိုပင် ပိတ်ပင်တားဆီးခဲ့တဲ့ အကုသိုလ်ကံကြောင့်
အခု အမေ့မှာ သာဓုခေါ်စရာ ပါးစပ်ပေါက် ပါမလာဘူး သမီးရယ်ဟု ပြောပြီး ပါးစပ်ပေါက်ပါမလာသော မျက်နှာအား ပြသဖြင့် သမီးဖြစ်သူမှာ လန့်ပြီး အိပ်ရာမှ နိုးသွားခဲ့ပါတယ်။
ဒေါ်ခင်ရီကား… ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်ရန်မလွယ်ကူတော့ချေ။
ဒါနနှင့်ပတ်သက်၍ ပိတ်ပင်တားဆီးသူ အချို့ကို တွေ့မြင်ဘူးပါသည်။ ဘုရားဟော တရားတော်ကို အထင်သေးသူများ ဖြစ်ကြ၏။
ဒါနနှင့် ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိကြောင်း ဗုဒ္ဓစာပေများအား လေ့လာခြင်းဖြင့် တွေ့ရှိနိုင်ပေသည်။
သို့ဖြစ်ပါ၍ ဒါနသာ မက ဝိပဿနာကုသိုလ်ထူးကြီးကိုပါ ကျိုးစားအားထုတ်ခြင်းဖြင့် လူချမ်းသာ နတ်ချမ်းသာနှင့် နိဗ္ဗာန်ချမ်းသာကိုပါ ရရှိစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။
မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )