သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး

Lifestyle
Spread the love

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်

ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူ တွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိက်ပါတယ်

အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။

(၁) ပူလောင်ခြင်း

သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့်အရာကတော့ပူလောင် ခြင်းပါပဲ

သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာမဟုတ်ပါဘူး

တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး ရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။

(၂) စိုးရိမ်ထိတ်လန့်ခြင်း

ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောကရောက်နေရမှာပါဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ တခြားသူနောက်ပြန်ပါသွားမလဲ၊

ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန် လုံး စိုးရိမ်သောကရောက်နေရမှာပါဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်း လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး
စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။

(၃) ဝဋ်လည်ခြင်း

ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ် ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်

ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါ

သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်း လာမှာ မဟုတ်သလို တစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါ ကျရင်

သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။

(၄) လူတွေရဲ့အထင်အမြင်သေးခြင်း

သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲ ပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို

လေး စားတော့မှမဟုတ်သလိုဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါဘူး…။သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ်၊

ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ် ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ် ယောက်မှ ရှိမှာ မဟုတ်ပါဘူး။

(၅) နောင်တတရား

သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်…

သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာရှိတော့မှာ မဟုတ်ပါဘူး…။

အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်က အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး ။

လေးစားလျက်ချစ်သမီးလေး