မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရဲ့ အမွေအနှစ်တွေထဲကတစ်ခု။ သော့ပေါင်း (၁၃) ချောင်းကိုကျော်ဖြတ်ပြီးမှ
ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရမယ်။ရွှေဆင်းတုဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက (၅) ယောက်ဆုံပြီး သော့ငါးချောင်းနဲ့ ပထမတဆင့်ကိုဖွင့်ပြီးမှ
ဒုတိယတံခါးကသော့သုံးချောင်း ကိုထပ်ဖွင့် အဲ့လိုဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့မီးခံသေတ္တာဆီရောက်တယ်။ အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့
မီးခံသေတ္တာတံခါး။ရှေးတံခါး သော့ငါးချောင်းလုံး ထည့်ပြီးမှ lock တွေတစ်ခုခြင်းလိုက်လှည့်ပြီး အားလုံးစုံမှပွင့်တာ နှစ်ပေါင်းများစွာကြာပြီ ခုထိမပျက်
မစီးကျန်တယ်။ သုံးလို့လဲရတယ်။ တကယ့်စက်မှုအမွေ အနှစ်တစ်ခုပဲ။ ကျနော်တို့ဖူးနိုင်ဖို့ အတွက် ငါယောက်လုံးစုံအောင် စုဝေးရင်းအလုပ်ရှုပ်သွားခဲ့ရတဲ့ ဂေါပကလူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ်။