သံပရာသီးကို အရည်ရွှမ်းအောင် လှီးနည်း

Lifestyle
Spread the love

သံပရာသီးကို အရည်ရွှမ်းအောင် လှီးနည်း

ပုံမှန်အားဖြင့်တော့ လူတော်တော်များများက သံပရာသီးကို ခြမ်းပြီး လှီးကြေ လ့ရှိပါတယ်။သံပရာရည်ကို အပြည့်အ၀ မရနိုင်ဘူး။သံပရာသီးထဲမှာပါတဲ့ အရည်ကို တစ်ရာရာခိုင်နှုန်းအပြည့်အဝရချင်တယ်ဆိုရင်တော့ လှီးတဲ့ ပုံစံကို ပြောင်းလဲပစ်ရပါမယ်။

ဒီနည်းလမ်းကိုတော့ မကြာသေးမီက Reddit.com မှာဖော်ပြခဲ့ပါတယ်။အဲ့ဒီ post မှာဖော်ပြထားတာကတော့ “သံပရာသီးကို အရည်ပိုရွှမ်းချင်တယ်ဆိုရင် ပထမဆုံး အနေနဲ့ (၃)ပိုင်းလှီးဖို့ လိုပါတယ်။ပြီးရင်တော့ အလယ်ပိုင်းကို အပိုင်း(၃)ပိုင်းထပ်ခြမ်းပါ။

အဲ့ဒီလိုဆိုရင်တော့ သံပရာသီးရဲ့ အရည်ကို တစ် ရာရာခိုင်နှုန်းအပြည့်အဝရနိုင် လိမ့်မယ်”လို့ ပြောထားပါတယ်။ဒါပေမယ့် ဒီနည်းလမ်းကို အပြည့်အ၀ ယုံကြည် လက်မခံပဲ၊နည်းလမ်းဟောင်းနဲ့ လှီးတဲ့ ပုံစံကသာပို သင့်တော်တယ်လို့ ပြောကြ သူတွေလည်းရှိပါတယ်။ဒါပေမယ့် လိုက်လုပ်ကြည့်ရုံနဲ့တော့ အရှုံးမရှိနိုင်တဲ့ စမ်းသပ်မှုတစ်ခုပါ။