အန္တရာယ်ကင်းတဲ့အချိုမှုန့််ပြုလုပ်နည်း
၁။ ကန်ဇွန်းဥ – ၅၀သား
၂။ ကြက်သွန်နီ -၂၀သား
၃။ ကြက်သွန်ဖြူ- ၅ကျပ်သား
၄။ ဆား၊ထမင်းစားဇွန်း – ၁ဇွန်း
၅။ သကြား ထမင်းစားဇွန်း -၃ဇွန်း
၆။ အုန်းထန်းလျက် – ၅လုံး
၇။ ငရုပ်ကောင်းထမင်းစားဇွန်း – ၁ဇွန်း
ကန်းဇွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို”ခြစ်”နဲ့ပါးပါးခြစ်ပါ။
နေပူပူမှာနေလှန်းပါ။ မီးအေးအေးနဲ့မွှေပါ။ကြွပ်နေအောင်မွှေပါ။
ကန်ဇွန်းဥကြက်သွန်မွှေးနံလေးရပြီဆိုတာနဲ့ဆား
သကြား၊ငရုပ်ကောင်း၊ထန်းလျက်တို့ကိုထုချေပြီးထည့်ပါ။အအေးခံပါ။
ပြီးရင်Blanderနဲ့မှုန့်နေအောင်ကြိတ်ပါ။
ုပြီးရင်ပုလင်းထဲထည့်ပြီး လေလုံအောင်သိမ်းထားပါ။
ဒါဆိုရင်အသင့်သုံးဖို့အန္တရာယ်ကင်းတဲ့အချိုမူန့်ရပါပြီ။ ဈေးထဲကဝယ်ထားတဲ့ (မီးဖိုချောင်လူ သ တ် သမားကြီး)အချိုမူန့်ကိုအမိူက်ပုံးထဲသို့လွှတ်ပစ်လိုက်လို့ရပါပြီ။