အစ်မအရင်းရဲ့ ယောင်္ကျားနဲ့ဖောက်ပြန်နေတဲ့ ကိုယ့်ရဲ့သတို့သမီးရဲ့ HD video ကို မင်္ဂလာပွဲမှာ ဖွင့်ချပြခဲ့တဲ့ သတို့သား (ရုပ်သံ)

News
Spread the love

အစ်မအရင်းရဲ့ ယောင်္ကျားနဲ့ဖောက်ပြန်နေတဲ့ ကိုယ့်ရဲ့သတို့သမီးရဲ့ HD video ကို မင်္ဂလာပွဲမှာ ဖွင့်ချပြခဲ့တဲ့ သတို့သားရဲ့ (ရုပ်သံ)

 

စုံတွဲတိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက် စေ့စပ်ထားပြီဆိုရင် လက်ထပ်ဖို့လုံးဝသေချာနေခဲ့ပြီး တစ်ဦးပေါ်တစ်ဦးသစ္စာရှိရှိ ချစ်နေကြတာ ခပ်များများပါ ။ သို့ပေမဲ့လည်း ဒီစုံတွဲကတော့ နောက်ကွယ်မှာ လွန်လွန်ကျွံကျွံဖောက်ပြန်နေခဲ့တဲ့ ချစ်သူအကြောင်းကို သူတို့ရဲ့မင်္ဂလာပွဲမှာတင်ဖွင့်ချပြီး အချင်းချင်းအရှက်ခွဲကြလို့ပါပဲ ။ Video အစပိုင်းမှာတော့ သတို့သား နဲ့ သတို့သမီးတို့ဟာ ခန်းနားလှပတဲ့ မင်္ဂလာခန်းမထဲကို ၊ လှပလွန်းတဲ့ မင်္ဂလာသတို့သမီးဝတ်စုံလေးတွေ ဝတ်ဆင်ပြီး ဝင်ရောက်လာခဲ့တာပါ ။ အခမ်းအနားမှူးကလည်း ၎င်းတို့စုံတွဲက ဧည့်ပရိသတ်တွေနဲ့ မိတ်ဆတ်ပေးနေခဲ့တာပါ ။

ထို့နောက် စင်ပေါ်ရှိ အလယ်ဗဟိုတည့်တည့်နေရာမှာ စုံတွဲနှစ်ယောက် နေရာယူပြီး ၎င်းတို့ချစ်သူသက်တမ်းတစ်လျှောက် အတူဖြတ်သန်းခဲ့ကြတဲ့ ချစ်ကြည်နူးဖို့ကောင်းတဲ့ ဓာတ်ပုံများကို ဧည့်ပရိသတ်တွေကို ဖွင့်ချဖို့ စီစဉ်ထားခဲ့တာပါ ။ သို့ပေမဲ့လည်း သတို့သမီးဘာမှမသိလိုက်ချိန်မှာပဲ သူမရဲ့သတို့သားက သူမနောက်ကွယ်မှာ ဖောက်ပြန်နေခဲ့တာကို သိရှိနင့်ပြီးသားပါ ။

သူမတို့ရဲ့ချစ်သူသက်တမ်းတစ်လျှောက် ဓာတ်ပုံလေးတွေကိုဖွင့်ပြရမဲ့အစား သူမတို့စုံတွဲရဲ့နေအိမ်အသစ်မှာ သူမဟာသူမရဲ့အစ်မအရင်းရဲ့ ယောင်္ကျားနဲ့ ကုတင်ပေါ်မှာ ချစ်ရည်လူးနေခဲ့တဲ့ ရုပ်သံကို သူမရဲ့သတို့သားလောင်းကဖွင့်ချခဲ့လို့ပါပဲ ။ အဆိုပါအိမ်အသစ်မှာ သတို့သားလောင်းက CCTV တပ်ထားခဲ့တာကို သူမကမရိပ်မိခဲ့သောကြောင့် သူမရဲ့လုပ်ရပ်ကို မိမိရရဖမ်းမိသွားခဲ့တာပါ ။

 

မမျှော်လင့်ထားတဲ့ video ကြောင့် သတို့သမီးဟာ အတော်လေးကို ရှက်သွားခဲ့ပြီး သတို့သားကို ပန်းစီးနဲ့ပစ်ပေါက်ခဲ့ပါတယ် ။ သတို့သားကလည်း ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမှန်မသိဘူးလို့ထင်နေတာလား ဆိုပြီး သူမကိုမေးမြန်းခဲ့ပါတယ် ။ နှစ်ယောက်လုံး ထိန်မနိုင် သိမ်းမရ ဒေါသထွက်နေခဲ့ကြပြီး အချင်းချင်းချက်ချင်းဘဲ ခွဲပြီးနေခဲ့ကြပါတော့တယ် ။