No (1) အမျိုးအစား
နံပါတ် (1) ပုံထဲကလို ဘယ်လက်ရဲ့ နှလုံးလမ်းကြောင်းက မြင့်ပီး ညာလက် နှလုံးလမ်းကြောင်း က နိမ့်နေသူတွေကတော့ သတ္တိ ရှိတယ်၊ ထက်မြတ်တယ် ။ စိန်ခေါ်မှု တွေကိုလည်း ချက်ချင်း ရင်ဆိုင်နိုင်သူတွေ ပဲဖြစ်ပါတယ် …။အချစ်ရေး မှာလည်း အစွဲအလန်းကြီးတဲ့ သူတွေဖြစ်ပီး ငယ်ရွယ်တဲ့ ကောင်လေး ချောချော ကောင်မလေးချောချော တွေနဲ့ ဖူးစာ ဆုံတတ်သူများ ဖြစ်ပါတယ် …။
No (2) အမျိုးအစား
ပုံပါအတိုင်း ဘယ်ဘက် လက်ဝါး ရဲ့ နှလုံးလမ်းကြောင်းနဲ့ ညာဘက်လက်ဝါးရဲ့ နှလုံးလမ်းကြောင်း နှစ်ခုဟာ ညီညာပီး ထိဆက်နေတယ် ဆိုရင်တော့ သင်ဟာ စိတ်ခံစားမှုထက် အသိတရားကို ဦးစားပေးသူ တစ်ယောက် ဖြစ်ပါတယ် …။ ဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ ကြင်နာတတ်သူ ၊ အတွေးအခေါ်ကောင်းသူ ၊ စိတ်ခံစားမှုလွယ်ပီး ဆက်ဆက်ထိ မခံတဲ့သူ ၊ ဟန်ဆောင်မှုတွေကို မုန်းတီးတဲ့သူ မျိုးနဲ့ ဖူးစာဆုံ တတ်ပါတယ်။
သင့် အချစ်ရေးဟာ ရေရှည် တည်မြဲပြီး တသက်တာလုံး ပေါင်းဖက်သွားရနိုင်တဲ့ အချစ်ရေးမျိုးလည်း ဖြစ်နိုင်ပါတယ် …။သင်တို့ အချစ်ရေးဟာ အေးချမ်း သာယာမယ်။ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာမှု ရှိကြပြီး သင့်ရဲ့ ချစ်သူဟာ သင့်အပေါ် ဆုံးမသွန်သင် ပေးနိုင်မယ့် ချစ်သူကောင်း တစ်ယောက်လည်း ဖြစ်နိုင်ပါတယ် …။
No (3) အမျိုးအစား
ပုံပါအတိုင်း ညာဘက် နှလုံးလမ်းကြောင်းက မြင့်မားပီး ဘယ်ဘက် နှလုံးလမ်းကြောင်းက နိမ့်နေတဲ့ ဒီလက္ခဏာ ပိုင်ရှင်တွေကတော့ အမှားတွေထဲကနေ အမှန်ဖြစ်အောင် ပြန်လည် ပြောင်းလဲလာနိုင်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ် …။ လုပ်မယ် ဆိုတဲ့ အလုပ်ကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူများ ဖြစ်ပါတယ်။ လွတ်လပ်မှုကို
မြတ်နိုးသူများ ဖြစ်ပြီး ထုံးတမ်း အစဉ်အလာတွေ ကိုလည်း စိတ်ဝင်စားတဲ့သူတွေ မဟုတ်ကြပါဘူး။
ကိုယ်ထင်တာ ကိုယ်လုပ်တတ်ပြီး ပတ်ဝန်းကျင်နဲ့ အခြား သူတွေကို သိပ်ဂရု မစိုက်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်သူတွေ ဖြစ်ကြတာ များပါတယ်။ အသက်ကြီးတဲ့ သူတွေရဲ့ စိတ်ဝင်စားမှုကို ခံရပြီး ဖူးစာဖက်ကလည်း မိမိထက် အသက်ကြီးတဲ့ သူတွေနဲ့ ဆုံကြတာများပါတယ် …။