အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ (၇)မျိူး

Knowledge
Spread the love

အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ (၇)မျိူး

၁။ ဟင်းနု နွယ်ရွက် (Spinach)

ချက်ပြီးသားဟင်းနု နွယ်ရွက်ကို ပြန်နွှေးပြီး မစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့
နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။

ချက်ထားတဲ့ဟင်းနု နွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ
နိုက်ထရိတ် ဓာတ်ဆားကနေ နိုက်ထရစ် အက်စစ် အဖြစ် ပြောင်းလဲသွားပြီး အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုက်ထရစ် အက်စစ်ဟာကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်…။

၂။ တရုတ်နံနံကြီး (Celery)

လူတွေဟာများသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက်လုပ်စားတဲ့အခါမှာထည့်လေ့ရှိပါတယ်။
တကယ်လို့ အဲ့လိုလုပ်စားမယ်ဆိုရင်လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကိုတစ်ခါတည်း ကုန်အောင် စားပစ် သင့်ပါတယ်။

တကယ်လို့ ပြန်အပူပေး၊ ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီးမှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။

သူ့ရဲ့ ဆိုးကျိုးဟာလည်း ဟင်းနု နွယ်ရွက်လိုပဲ။ နိုက်ထရစ်အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်…။

၃။ သကြားမုံလာ (Beets)

သကြားမုံလာဟာဆိုရင်လည်း နိုက်ထရိတ်ဓာတ်ဆားပါတဲ့ အစားစာတစ်မျိူးဖြစ်ပါတယ်။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင်
ခန္ဓာကိုယ်အတွက် အလွန်ပဲ အန္တရာယ်ရှိစေနိုင်သလို ပျက်စီးစေနိုင်ပါတယ်။ ကင်ဆာရောဂါလည်း ဖြစ်စေနိုင်ပါတယ်…။

၄။ အာလူး (Potato)

အာလူးမှာကျန်းမာရေးအတွက် အကကျေးဇူးတွေ အများကြီးရှိတဲ့အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်းချက်ပြီးသား အာလူးကို တစ်ရက်တည်းမှာကုန်အောင်မစားနိုင်ဘူး ဆိုရင်တော့ အဲဒီ အကျိူးကျေးဇူးတွေ မရနိုင်ဘူး။

ပျောက်ဆုံးသွားပါမယ်။ အာလူး ချက်ထားပြီးသားကို နောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာ သင့်ခန္ဓာကိုယ်အတွက်အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်…။

၅။ ကြက်/ဘဲဥ (Eggs)

‌ကြော်ထား ပြုတ်ထားတဲ့ ကြက်၊ဘဲဥကြော်ကို ပြန်နွှေးစားခြင်းဟာ သင့်ရဲ့ organisms တွေကို သေစေ နိုင်တယ်လို့ ဆိုထားပါတယ်…။

၆။ မှို (Mushrooms)

ပြန်နွှေးထားတဲ့မှိုကို စားခြင်းဟာကျန်းမာရေးအတွက် ဆိုးကျိုး တွေကိုဖြစ်စေပါတယ် ဥပမာ- အစာခြေခြင်း၊ ချက်ခြင်း နှင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ဆိုထားပါတယ်…။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။