အမျိုးသမီးများအသက်* ကရမက် *တဲ့ ကရမက်က ဘာတွေကောင်းလဲ
“နံ့သာဖြူနံ့သာနီ အကျော်စမ္မာ ကရမက်ဆိုတဲ့နံ့သာငါးမျိုးစာရင်းဝင်”
ကရမက် အကြောင်းရှင်းပြပါရစေကရမက်ကအေးခါး အရသာနဲ့အပူကိုစုပ်ယူပေးနိုင်တဲ့ဆေးပါ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်းပူတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်
တစ်ချို့ကအပူအစပ်စားအအေးသောက်လို့မထွက်ရတဲ့အခိုးတွေစုဖွဲ့ တာ တစ်ချို့က ကံ စိတ်ဥတုအာဟာရ တစ်မျိုးမျိုးကြောင့် အကြိတ် အဖု ရည်ကြည်အိတ် နဲ့ဆီးအိမ်နားကစုဖွဲ့ပူလို့ ခြေဖဝါးကစူးလို့ပူတာမျိုး
မီးယပ်အမျိုးမျိုးနဲ့ ရာသီသွေးဆုံးခါနီးဖြစ်တဲ့အရေပြားပေါ်ကအကွက်တွေ ခန္ဓာကိုယ်ယားယံတာတွေ ပျောက်ကင်းစေပါတယ်
ရေကိုဝအောင်ချိူး ပြီးရင်ကရမက်လေး ရေကြဲလေးလိမ်း အပူထွက်ပြီး အပူအောင်းတာသက်သာတော့အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်
ရေကိုဝအောင်ချိုးပြီး ကရမက်လေးကိုသွေးပြီးလျက်ပေးရင်လည်းလျှာကနေတစ်ကိုယ်လုံးကအကြောတွေဆီရောက်ပြီး ကျန်းမာသက်ရှည်အပူအခိုးကင်းစေပါတယ်။
သွေးလိမ်းတာပဲဖြစ်ဖြစ်သောက်တာပဲဖြစ်ဖြစ် သလိပ်ကြေစေတယ် နှလုံးရောဂါ ဆီးရောဂါနဲ့ညောင်းကျရောဂါတွေလည်းပျောက်ကင်းစေပါတယ် အပူများသူတွေ နေပူမီးပူထဲအလုပ်လုပ်ရသူတွေအတွက်အကောင်းဆုံးကကရမက်ပါ
နေ့စဥ် ကရမက်လေးအသုံးပြုဖို့တိုက်တွန်းပါရစေ